ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရန် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရန် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး


MNP  -  ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျေးရွာများတွင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်၊ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က နှစ်ကျပ်ခွဲကျေးရွာအုပ်စု နှစ်ကျပ်ခွဲကျေးရွာဒေသခံများနှင့် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။


အဆိုပါ စစ်ကြောင်းကြီး(၅)ကြောင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး ခေါင်းဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စီမံကိန်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ ပြန်/ဆက်၊ စိုက်ပျိုးရေး၊ လျှပ်စစ် အစရှိသည့် ဌာနဆိုင်ရာ တာဝန်ရှိသူ(၃၃)ဦးပါဝင်၍ နှစ်ကျပ်ခွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒုတိမြို့နယ်အနုပ်ချုပ်ရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်းစီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင် ဗိုလ်မှူးနောင်ထွန်းနီနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းတို့က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်မှုခင်းကျဆင်းရေး လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး၊ စစ်ကြောင်းဖြင့် လိုက်ပါလာသည့် ဌာနဆိုင်ရာများက ရွေးကောက်ပွဲဆိုင်ရာ အချိုးကျ PR စနစ်ကို ရှင်းလင်းခြင်း၊ မီးဘေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် VDP စီမံကိန်းဆိုင်ရာများ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လောင်းကစားမှုပပျောက်ရေးနှင့် မှုခင်းကျဆင်းရေး အစရှိသည်တို့ကို ရှင်းလင်းဟောပြောဆွေးနွေးကြရာ၊ တက်ရောက်လာသည့် ဒေသခံပြည်သူများက သိလိုသည်များမေးမြန်းဆွေးနွေးခြင်းနှင့် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းခြင်းများကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံဆွေးပွဲသို့ ဒေသခံပြည်သူ(၂၂၃)ဦး တက်ရောက်ခဲ့ကြကြောင်းသိရပြီး၊ ဆွေးနွေးပွဲအပြီးတွင် စစ်ကြောင်းနှင့်လိုက်ပါလာသည့် ကျန်းမာရေးဌာနဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ အထွေထွေရောဂါစစ်ဆေးခြင်းတို့ကို ကျန်းမာရေးဝန်ဆောင်မှုပေးခဲ့ကြပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မွေးတိုး/သေဆုံးတို့ကို အိမ်ထောင်စုလူဦးရေစာရင်းမှ တိုး/လျှော့ လုပ်ငန်းများဝန်ဆောင်မှုပေးခဲ့ကြောင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


နေအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)