၂၀၂၃ ခုနှစ်အတွက် ဘာသာပေါင်းစုံမှ နှစ်သစ်ကူးမေတ္တာပို့ဆုတောင်းစကားသံများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ်အတွက် ဘာသာပေါင်းစုံမှ နှစ်သစ်ကူးမေတ္တာပို့ဆုတောင်းစကားသံများ






MNP  

ဦးစိန်သန်း (ဗုဒ္ဓဘာသာ)


(ဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ် ရေးအဖွဲ့) (ဗဟို)


အားလုံးမင်္ဂလာပါခင်ဗျာ


ယနေ့ဟာ ခရစ်နှစ် ၂၀၂၂ ခုနှစ် ကုန်ဆုံးပြီး ခရစ်နှစ် ၂၀၂၃ခုနှစ် ကာလသို့ ရောက်ရှိလာတဲ့ ကမ္ဘာ့နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် (New Year) အခါသမယနေ့လည်း ဖြစ်ပါတယ်။ ဒီအခါသမယနှစ်သစ်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဘာသာပေါင်းစုံမှ ဘာသာဝင် အချင်းချင်းတို့ဟာ တစ်ဦး၏ဘာသာကိုတစ်ဦးက လေးစားလိုက်နာပြီး တိုင်းပြည်အတွင်း အေးချမ်းသာယာစွာ နေထိုင်သွားကြရန်၊ နိုင်ငံတော်အတွင်း ကျရောက်လာမည့် သဘာဝဘေးဒုက္ခအပေါင်း မဖြစ်ပေါ်စေဖို့နဲ့ နိုင်ငံတော်ကြီး အေးချမ်းသာယာပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။


ဒါ့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ ဘာသာပေါင်းစုံက ညီအစ်ကို မောင်နှမများအားလုံး ပူးပေါင်းဆောင်ရွက်ရင်းဖြင့် ငြိမ်းချမ်းသာယာပြီးဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြဖို့နဲ့ နှစ်သစ်အခါသမယမှာ ကမ္ဘာသူ၊ ကမ္ဘာသားများ၊ နိုင်ငံသူ၊ နိုင်ငံသားများ အားလုံး ကျန်းမာရွှင်လန်းပြီး ကပ်ရောဂါ ဆိုးကြီးများရဲ့ ဘေးဒဏ်မှ လွတ်ကင်းပြီး အေးချမ်းသာယာသော လူ့ဘောင်ဘဝကြီးကို ပိုင်ဆိုင်နိုင်ကြစေဖို့အတွက် ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်ခင်ဗျာ။


ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ)


(ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့) (ဗဟို)


အားလုံးမင်္ဂလာပါခင်ဗျာ


၂၀၂၂ခုနှစ် ကုန်ဆုံးပြီး ၂၀၂၃ ခုနှစ် နှစ်သစ်အချိန်အခါသမယမှာ ဂေါတမမြတ်စွာဘုရား၏ မေတ္တာကြောင့် မြန်မာနိုင်ငံကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေ။ မဟာပိန္နဲဘုရားကြောင့် ပြည်တွင်းပြည်ပ ရန်များကင်းစင်ပြီး ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံကြီး ဖြစ်ပါစေလို့ ဦးစွာဆုတောင်းပေးပါတယ် ခင်ဗျာ။ ယခု ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ပါစေ။ ဘာသာရေး၊ လူမှုရေးကိစ္စရပ်တွေမှာလည်း အောင်မြင်ပါစေ။ ကျွန်တော်တို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အသင်းကလည်း ၂၀၂၃ ခုနှစ်မှာ ယခင် နှစ်ထက် ၅ ဆပိုပြီး ကြိုးကြိုးစားစားလုပ် နိုင်ကြပါစေ။ ကိုဗစ်-၁၉ ရောဂါဖြစ် ကတည်းက မြန်မာနိုင်ငံတစ်ခုတည်းတင် မဟုတ်ပါဘူး တစ်ကမ္ဘာလုံးအခက်အခဲ ဖြစ်ကြတယ်။ နည်းမျိုးစုံ ဒုက္ခတွေရောက် ခဲ့ကြရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း ကမ္ဘာသူ၊ ကမ္ဘာသားတွေနဲ့ အတူတူ အခက်အခဲများ ခံစားခဲ့ရပါတယ်။ ဒီ ၂၀၂၃ ခုနှစ် နှစ်သစ်မှာ ကပ်ရောဂါများ ပျောက်ဆုံးပြီး အားလုံးကျန်းမာချမ်းသာ ကြပါစေ။ မြန်မာပြည်ဟာ ကျွန်တော် ခဏခဏတင်ပြလေ့ရှိတဲ့ ချမ်းသာတာ တစ်ခုရှိပါတယ် အဲဒီဟာကတော့ မေတ္တာ တရားပါပဲ။ ယခုနှစ်သစ်မှာ မေတ္တာများများ ထားနိုင်ကြပါစေ၊ မေတ္တာပွားနိုင်ပါစေ၊ မေတ္တာကြောင့် အစစအရာရာအောင်မြင် ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါ တယ်ခင်ဗျာ။


ဒေါက်တာစိုင်းကျော်မြင့် (ခရစ်ယာန်ဘာသာ)


(ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့) (ဗဟို)


Shalom! မင်္ဂလာပါခင်ဗျာ


အခုလို ဆုတောင်းမေတ္တာပို့သခွင့်ရတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာ လူမျိုးပေါင်း ၁၃၅ မျိုး အတူတကွစုပေါင်းနေထိုင်ကြပြီး ဘာသာအယူဝါဒများစွာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိတဲ့ နိုင်ငံကြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံအတွက် ယခုအချိန် အခါမှာ လိုအပ်နေတဲ့ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနှင့် အေးချမ်းသာယာငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေနှင့် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။


၂၀၂၂ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၃ ခုနှစ်သို့ ကူးပြောင်းတဲ့ နှစ်သစ်ကူး အခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံက လူသစ်စိတ်သစ်နဲ့ ဘာသာပေါင်းစုံညီညွတ်စွာဖြင့် အနာဂတ်မှာ လူ့ဘောင်သစ်ကို တည်ထောင်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ပြည်သူပြည်သားအားလုံး အေးချမ်းပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေကြောင်း နှုတ်ခွန်းဆက် ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။


ဦးအောင်ဇော်ဝင်း(အစ္စလာမ်ဘာသာ)


(ဒုတိယ ဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့) (ဗဟို)


အားလုံးမင်္ဂလာပါခင်ဗျာ


၂၀၂၂ ခုနှစ်ကုန်ဆုံးပြီးတော့ ၂၀၂၃ ခုနှစ် နှစ်သစ်မှာလည်း မြန်မာပြည်သူ ပြည်သားများအားလုံး၊ ကမ္ဘာသူကမ္ဘာသား များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံကာစီးပွားလာဘ်လာဘများတိုးပွားပြီး ရောဂါဘယများ ကင်းစင်ကာ အေးချမ်းသာယာသော နိုင်ငံတော်ကြီးဖြစ်ပါစေလို့ ဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်။


နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးမှာ ဘာသာပေါင်းစုံက ညီအစ်ကိုမောင်နှမများအားလုံး ပူးပေါင်းဆောင်ရွက်ရင်းဖြင့် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြပါရန်နှင့် နှစ်သစ်အခါသမယမှာ မြန်မာပြည်သူ အားလုံး ကျန်းမာချမ်းသာပြီး နိုင်ငံအကျိုး၊ သာသနာ့အကျိုး ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေ။ နိုင်ငံတော်ကြီး သာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ရှိအောင် အားလုံး ဝိုင်းဝန်းပူးပေါင်းပြီး တည် ဆောက်ကြပါစို့၊ ကမ္ဘာသူကမ္ဘာသားများအားလုံး၊ နိုင်ငံသူ နိုင်ငံသားများအားလုံး ကျန်းမာရွှင်လန်းပြီး ကပ်ရောဂါဆိုးကြီးများ၏ဘေးဒဏ်မှ လွတ်ကင်းပြီး အေးချမ်းသာယာသော လူ့ဘောင်ဘဝကြီးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်ခင်ဗျာ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)