တောင်ကုတ်မြို့နယ်၌ နေကြာမျိုးစေ့ထုတ်စိုက်ခင်း ကွင်းသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ နေကြာမျိုးစေ့ထုတ်စိုက်ခင်း ကွင်းသရုပ်ပြပွဲကျင်းပ





MNP  -   ဇန်နဝါရီ   ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ “စားသုံးဆီဖူလုံဖို့ နေကြာသီးနှံစိုက်ပျိုးကြစို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းစားသုံးဆီ ဖူလုံရေးနှင့် နေကြာစိုက်တောင်သူများ ဝင်ငွေတိုးစေရန်နှင့်လူမှုစီးပွားဘဝ မြင့်မားလာစေရန်ရည်ရွယ်ချက်များဖြင့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ကင်းတောင်စံပြကျေးရွာရှိ တောင်သူ ဦးယက်သဲ့အောင်ပါ(၃)ဦး၏ နေကြာမျိုးစေ့ထုတ်စိုက်ခင်း၊ ဆင်းနေကြာ(၁၅)ဧက၌ကျင်းပခဲ့သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင် ကအမှာစကားပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက နေကြာမျိုးစေ့ထုတ်စိုက်ခင်း ကွင်းသရုပ်ပြပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် တောင်သူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးသည်။


ထို့နောက် မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက နွားချေး၊ မြေပဲခွံ၊ ဆွေးမြေ့စူပါဘိုကာရှီနှင့်ဖွဲနုတို့ဖြင့် ပြုလုပ်ထားသည့် သဘာဝမြေဩဇာများကို ပြသရှင်းလင်းပြီး EM ဘိုကာရှီပြုလုပ်ပုံများကို လက်တွေ့သရုပ်ပြပြီးနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေကြာစိုက်တောင်သူများအား အောင်မြင်ဖြစ်ထွန်းနေသည့် နေကြာမျိုးစေ့ထုတ်စိုက်ခင်း(၁၅)ဧက အတွင်း ရှင်းလင်းပြသသည်။


အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)