MNP - ဇန်နဝါရီ ၁၄
ပေါက်တောမြို့ရှိ ဓာတ်တောင်ကွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကိုယနေ့နံနက် ၇ နာရီက ပြုလုပ်သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား/သူများတို့က ဓာတ်တောင်ကွင်းအတွင်းရှိ ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းများပြုလုပ်ကြသည်။
အဆိုပါ မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများကိုအပတ်စဥ်(စနေ)နေ့တိုင်းဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment