ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဓာတ်အားပျောက်ဆုံးမှုလျှော့နည်းစေရေးကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဓာတ်အားပျောက်ဆုံးမှုလျှော့နည်းစေရေးကွင်းဆင်းစစ်ဆေး


MNP  -  ဇန်နဝါရီ  ၂၆

​ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဓာတ်အားပျောက်ဆုံးမှုလျှော့နည်းစေရေးအတွက် တရားမဝင်ဓာတ်အားသုံးစွဲမှုများ ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ရန် အရှေ့ပိုင်းခရိုင်လျှပ်စစ်မန်နေဂျာဦးအေးကျော်၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာဦး‌အောင်မျိုးဦးကဦးဆောင်၍ ခရိုင်အစုအဖွဲ့ဖြင့် မီတာကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်နေမှုအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင်(၂)ဦးစံဌေးမှ အနီးကပ်ကြပ်မတ်ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။


ဆက်လက်၍ ဓာတ်အားပြတ်တောက်မှု လျှော့နည်းကျဆင်းရေးအတွက် ကုန်ပဒေသာဓါတ်အားခွဲရုံသို့ရောက်ရှိစစ်ဆေးခဲ့ပြီး Load Shed အစီအစဉ်အတိုင်း ဓာတ်အားပေးထားခြင်းရှိမရှိ၊ Protection Device များ ကောင်းမွန်မှုရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


မြင့်မြင့်ရီ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)