(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ သံတွဲမြို့၌ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ သံတွဲမြို့၌ကျင်းပ




MNP  -  ဇန်နဝါရီ  ၃

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲ 

များကို  ဇန်နဝါရီ ၃ ရက်နေ့နံနက် ၈ နာရီမှစ၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့က ဦးဆောင်၍ သံတွဲမြို့၌ကျင်းပလျက်ရှိသည်။


၎င်းပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများတွင် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre)ရှေ့တွင်လည်းကောင်း ၊ မီတာ(၅၀)ကျား/မ အပြေးပြိုင်ပွဲ၊ဂုန်နီအိတ်စွပ်(ကျား/မ)အပြေးပြိုင်ပွဲ ၊ မုန့်စားပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲများကို သံတွဲမြို့မ အားကစားကွင်းနှင့် ဖူဆယ်ဘောလုံး ပြိုင်ပွဲများကို အမှတ်(၈)ရပ်ကွက်ရှိ ဖူဆယ်ဘောလုံးကွင်းတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိရာ သံတွဲမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများ ဝင်ရောက် ယှဉ်ပြိုင်ကစားလျက်ရှိပြီး နောက်ဆုံးဗိုလ်လုပွဲများကို ဇန်နဝါရီ(၄)ရက်နေ့တွင် ယှဉ်ပြိုင်ကစားပြီး ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ညပိုင်းတွင် အမှတ်(၄)ရပ်ကွက်ရှိ လေးမျက်နှာဓမ္မာရုံ၌ ည ၆ နာရီမှ ၁၀.၃၀ နာရီထိ “The One Music Band” စင်တင်တေးဂီတဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်းသိရသည်။


အဆိုပါအားကစားပြိုင်ပွဲများကျင်းပရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုအားပေး  ခဲ့ကြကြောင်း သိရှိရသည်။


သန့်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)