ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ ကွင်းဆင်းဆောင်ရွက်




MNP   -  ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က တောင်ရပ်ကွက်၊ အတုလမာန်အောင် ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်သိရသည်။


ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဗိုလ်မှူးဖြိုးနိုင်ဦးက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး တို့ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ရဲမှူး စိုးအောင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးတို့ကိုလည်းကောင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါအန္တရာယ်တို့ကိုလည်းကောင်း၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ မိမိပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန်၊ မြို့နယ် လမ်းဦးစီးဌာနမှ အဆောက်အဦဆောက်ရာ ခြံစည်းရိုး ကာရံရာတွင် လမ်းနယ်နိမိတ်နှင့် ကင်းလွတ်စေရေး အသိပညာပေးခြင်း၊ မြို့နယ်လယ်ယာမြေနှင့် စာရင်းဦးစီးဌာနမှ မြေဂရံပုံစံများအကြောင်းကိုလည်းကောင်း၊ မြို့နယ် ပညာရေးဦးစီးဌာနမှ ပညာရေးနှင့်ပတ်သက်သည်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးမှ ပြန်ကြားရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်လုပ်ငန်းနှင့် မကြာမီ  ကျောင်းသား၊ ‌ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အတွင်း စာကြည်တိုက်သို့လာရောက်၍  စာဖတ်သည့်အလေ့အထကို လေ့ကျင့်ပျိုးထောင်ရေး၊ မိမိစိတ်ပါဝင်စားသည့် စာပေဗဟုသုတနှင့်အကြောင်းရာများ ရှာဖွေနိုင်ရေး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲနှင့်ပတ်သက်သည်များကိုလည်းကောင်း၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ ဘေးအန္တရာဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံစိုက်ပျိုးရေးနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်ဆွေးနွေးမှုများကို တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)