မာန်အောင်မြို့နယ်တွင်သိမ္ဘလကမ်းခြေသန့်ရှင်းသာယာလှပစေရေးဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင်သိမ္ဘလကမ်းခြေသန့်ရှင်းသာယာလှပစေရေးဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးများဆောင်ရွက်





MNP  -  ဇန်နဝါရီ ၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သိမ္ဘလကျေးရွာအုပ်စု၊သိမ္ဘလ ကမ်းခြေသန့်ရှင်း သာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးများ ဆောင်ရွက်ခြင်းများကိုယနေ့နံနက်၈နာရီက ယင်းကမ်းခြေ၌ပြုလုပ်ခဲ့ကြသည်။


အဆိုပါ စုပေါင်းအမှိုက်ကောက် သန့်‌ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များက ကြီးကြပ်ပြီး မြို့နယ်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအင်အား၁၅၀ဦးခန့်ကပါဝင်ဆောင်ရွက်ခဲ့ကြသည်။


   အဆိုပါ ကမ်းခြေသည် အများပြည်သူ အားလပ်ရက်များတွင် ရေကူးခြင်း၊ဘောလုံးကစားခြင်း၊ပျော်ပွဲစားထွက်ခြင်း၊အနားယူအပန်းဖြေခြင်းစသည့် ကမ်းခြေတစ်ခုဖြစ်ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)