ရသေ့တောင်မြို့၌မြို့နယ်လုံးဆိုင်ရာ (၉)ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌မြို့နယ်လုံးဆိုင်ရာ (၉)ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲကျင်းပ






MNP  -  ဇန်နဝါရီ ၁

   ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်ရသေ့တောင်မြို့နယ်လုံးဆိုင်ရာ (၉)ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲကို  ယနေ့နေ့လည် (၁၂)နာရီအချိန်က အောင်မြေဗောဓိဓမ္မရိပ်သာအလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


   အခမ်းအနားကို ဒုတိယမြို့နယ်ပညာရေးမှူ ဦးဝင်းညွန့်ကအဖွင့်အမှာစကားပြောကြားပြီးကြွရောက်လာကြသော အပူဇော်ခံဆရာကြီး၊ဆရာမကြီးများအား မြတ်ဆရာကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြီး လက်ဆောင်ပစ္စည်းများဆက်ကပ်ပူဇော်ကန်တော့ခဲ့ကြပါသည်။


   ယင်းနောက် မြို့လုံးဆိုင်ရာမြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့မှ အထက ဆရာကြီး ဦးမောင်းစံသိန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။


   အဆိုပါ မြတ်ဆရာပူဇော်ပွဲအခမ်းအနားသို့ အပူဇော်ခံ ဆရာ၊ဆရာမများ(၄၈)ဦးတက်ရောက်ခဲ့ပြီးဆရာ၊ဆရာမတစ်ဦးလျှင်ကန်တော့ငွေ(၅၀၀၀၀)ကျပ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီးဆရာ၊ဆရာမများကိုယ်စား ဆရာကြီး ဦးကျော်စိန်လှမှ ကျေးဇူးတင်စကားပြောကြားကာ ဆုတောင်းမေတ္တာပို့သခဲ့ကြပြီး ဆရာမဒေါ် နေခြည်နွေးနှင့်အဖွဲ့က အသီးတရာအညှာတစ်ခု‌ တေးသရုပ်‌‌ ဖော်ဖြင့်ကပြ‌‌ဖြေဖျော်ခဲ့ကြောင်းသိရသည်။


   ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)