အင်္ဂပူမြို့‌ ရွှေဘုံမုနိစေတီတော်၌ သန့်ရှင်းပြုလုပ်ခြင်းနှင့် မြို့ပေါ်ဘုန်းကြီးကျောင်းများတွင် ဓဇဂ္ဂသုတ်ပရိတ်တော်များ ရွတ်ပွားခြင်းများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့‌ ရွှေဘုံမုနိစေတီတော်၌ သန့်ရှင်းပြုလုပ်ခြင်းနှင့် မြို့ပေါ်ဘုန်းကြီးကျောင်းများတွင် ဓဇဂ္ဂသုတ်ပရိတ်တော်များ ရွတ်ပွားခြင်းများ ပြုလုပ်


MNP   -   ဇန်နဝါရီ  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ရွှေဘုံမုနိ စေတီတော်၌ သန့်ရှင်းပြုလုပ်ခြင်းနှင့် မြို့ပေါ်ဘုန်းကြီးကျောင်းများတွင် ဓဇဂ္ဂသုတ်ပရိတ်တော်များ ရွတ်ပွားခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကျော်မိုး ဦးဆောင်သော ဌာနဆိုင်ရာအကြီး အကဲများ၊ဝန်ထမ်းများမှ စေတီတော်ရင်ပြင် သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်းနှင့် အင်္ဂပူမြို့ပေါ် ဘုန်းကြီးကျောင်းများတွင်လည်း သံဃာတော် အရှင်သူမြတ်များမှ အန္တရာယ်ကင်းပရိတ်တော်များနှင့် ဓဇဂ္ဂသုတ်ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များမှ လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


မန်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)