တိုက်ကြီးမြို့နယ်တွင် ဗုဒ္ဓမြတ်စွယ်တော် (၇၅)ကြိမ်မြောက် စိန်ရတုဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဒေသစာရီကြွချီအပူဇော်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် ဗုဒ္ဓမြတ်စွယ်တော် (၇၅)ကြိမ်မြောက် စိန်ရတုဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဒေသစာရီကြွချီအပူဇော်ခံ




MNP   -   ဇန်နဝါရ ၃၁

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့ဘုရားကြီးကျောင်းတိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော်၏ (၇၅)ကြိမ်မြောက် စိန်ရတုဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် ဒေသစာရီ ကြွချီပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စတင်ကျင်းပပြုလုပ်သည်။


ဗုဒ္ဓမြတ်စွယ်တော် ဒေသစာရီကြွချီအပူ​ဇော်ခံရာတွင် ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၁၀နာရီက ဥက္ကံမြို့ဘုရားကြီးကျောင်းတိုက်မှ တိုက်ကြီးမြို့နယ် မြို့လယ်ပြည်လုံးချမ်းသာစေတီတော် ဘုရားလေး သာသနာ့ဗိမာန်တော်တွင် ဒေသခံပြည်သူများ ဖူးမျှော်နိုင်ရေး ညအိပ်ရပ်နားအပူဇော်ခံမည်ဖြစ်ပြီး  ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၇နာရီမှ စတင်၍ မြို့နယ်အတွင်းသို့ လှည့်လည်အပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်တော်မူရာ မြို့လယ်ပြည်လုံးချမ်းသာစေတီတော် ဘုရားလေး သာသနာ့ဗိမာန်တော်၌ ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၉ နာရီအထိ ပြည်သူများလာရောက်ဖူးမျှော်နိုင် ကြောင်းနှင့် အလှူငွေများအား စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။


စန်းကလျာခိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)