ကျောက်ဆည်မြို့နယ် ထားဝယ်ကျေးရွာတွင် ကန်စွန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် ထားဝယ်ကျေးရွာတွင် ကန်စွန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း


MNP -  ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယာမြေနှင့် ကိုင်းကျွန်းမြေများတွင် နေ့စဉ်ဝင်ငွေရရှိသော ဆူးပုတ်၊ ချဉ်ပေါင်၊ ကြက်သွန်မိတ်၊ ပင်စိမ်း၊ ဆလပ်၊ ဘူး၊ ငရုပ်၊ ကြက်ဟင်းခါး၊ တိုင်ထောင်ပဲတောင့်ရှည်၊ ခရမ်း စသည့် ကုန်စိမ်းသီးနှံများဖြစ်သော ဟင်းသီး၊ ဟင်းရွက်ပင်များ စိုက်ပျိုးရောင်းချလျက်ရှိရာ ထားဝယ်ကျေးရွာ၌စိုက်ပျိုးထားသော ကန်စွန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။


ကန်စွန်းစိုက်ပျိုးသော တောင်သူများအနေဖြင့် ဈေးကွက်အနေအထားအပေါ်မူတည်၍ ကန်းစွန်း အပင်ကျဲစိုက်ပျိုးခြင်းနှင့် ကန်စွန်းအစိပ်စိုက်ပျိုးခြင်းဟူ၍ (၂)မျိုးစိုက်ပျိုးကြကြောင်း၊ ကန်စွန်အပင်ကျဲ (၁)ဧကစိုက်ပျိုးမည်ဆိုပါက မျိုးစေ့အထုပ်(၂၀)အသုံးပြုရပြီး ကန်စွန်းအကျဲစိုက်ပျိုးမည်ဆိုပါက မျိုးစေ့အထုပ်(၄၀)အသုံးပြုရကြောင်း ကန်စွန်စိုက်ပျိုးရာတွင် မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင် (၅)လက်မခန့်ခြားပြီး အတန်းလိုက်စိုက်ပျိုးရကြောင်း မြေခံအဖြစ် သဘာဝမြေဩဇာနွားချေးများထည့်သွင်းကာ မြေပြင်ပြီး အစိုဓာတ်အမြဲရရှိစေရန်ရေသွင်းပေးပါက အပင်များပိုမိုဖြစ်ထွန်းကြောင်း ကျီးပြကျေးရွာမှ ကန်စွန်းစိုက်တောင်သူ ဦးမြင့်မောင်က ပြောပြသည်။


ကန်စွန်းပင်များသည် စိုက်ပျိုးပြီးရက်ပေါင်း(၄၀)ကျော်တွင် စတင်ရောင်းချနိုင်ကြောင်း၊ ရောင်းချရာတွင် ကန်စွန်းအညွှန့်သန်မာမှုအပေါ်မူတည်ပြီး အညွှန့်(၅)ညွှန့်မှ (၈)ညွှန့်အထိ အစည်းများစည်းပြီးရောင်းချကြောင်း ကုန်ကျစရိတ်အနေဖြင့် ကန်စွန်းတစ်(၁)ဧကတွင် မြေအမျိုးအစားအပေါ်မူတည်၍ ငွေကျပ်(၁)သိန်းခွဲမှ ငွေကျပ်(၂)သိန်း ကုန်ကျစရိတ်ရှိကြောင်း ကန်စွန်းပင်များသည် နေစဉ်ခူးဆွတ်ရောင်းချရသဖြင့် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။


တင်တင်ထွေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)