ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုးနဲမြို့သို့ရောက်ရှိ ဝန်ကြီးဌာနအောက်ရှိ ဌာနများ နှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုးနဲမြို့သို့ရောက်ရှိ ဝန်ကြီးဌာနအောက်ရှိ ဌာနများ နှင့်တွေ့ဆုံ




MNP  -   ဇန်နဝါရီ ၁၅

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့ နေ့လည် ၂ နာရီခွဲအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ်သို့ရောက်ရှိခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုထုအခြေပြုဗဟိုဌာန (Community Center)တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံတာဝန်ခံ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။


ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အားလုံးနီးပါးသည် တည်ငြိမ်အေးချမ်းနေသဖြင့် ပြည်သူ လူထုမှာစိတ်ချမ်းသာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ရွက်နိုင်ကြကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်သည့် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများကို လည်း အသိပညာဗဟုသုတပေးရန်လိုကြောင်း၊ လူငယ်များပြုစုပျိုးထောင်ရေးကို ဆက်လက်ဆောင်ရွက်သွားကြရန်၊ မကြာမီ နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလများ ရောက်ရှိတော့မည်ဖြစ်ရာ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ကျောင်းသူများအားလပ်ချိန်ကို အကျိုးရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များ အသိပညာ ဗဟုသုတပြန့်ပွားရေးအတွက် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ရေးကို ကြိုတင်ညှိနှိုင်းစီစဉ်ဆောင်ရွက် ကြရန် ၊MRTV Digital T2 ပုံမှန်ထုတ်လွှင့်ဆောင်ရွက်ရေး နှင့်ပွင့်လင်းရာသီကာလတွင် မီးဘေးအန္တရာယ် ဂရုပြုရန်တို့ကို မှာကြားခဲ့သည်။


တွေ့ဆုံပွဲသို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံ ဦးညီဝင်းစိန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)