မာန်အောင်မြို့၌(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ခါးကွင်းလှည့်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့၌(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ခါးကွင်းလှည့်ပြိုင်ပွဲကျင်းပ




MNP  -  ဇန်နဝါရီ ၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက်  စိန်ရတုလွတ် လပ်ရေးနေ့အထိမ်းအမှတ် (အကြို)ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ခါးကွင်းလှည့်ပြိုင်ပွဲကို  ယနေ့မွန်းလွဲ ၁  နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြုလုပ်ခဲ့သည်။


    အဆိုပါ ပြိုင်ပွဲတွင် ရန်အောင်မြင်ရပ်ကွက်၊အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ (၁၉) ဦးကဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦးရန်ငြိမ်းနှင့်တာဝန်ရှိသူများကဆုလက်ဆောင်ပစ္စည်းများအသီးသီးချီးမြှင့်ခဲ့ကြသည်။


  ယင်းပြိုင်ပွဲကို ကျောင်းသား/သူလူငယ်လူရွယ်များအသိပညာဗဟုသုတတိုးပွားစေရန်၊ဉာဏ်ရည်ထက်မြက်စေရန်၊ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်နှင့် နေ့ထူးနေ့မြတ်လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကိုသိရှိစေရန်ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)