ငါန်းဇွန်မြို့၌ ကလေးငယ်များအား အင်အားဖြည့်ဗီတာမင်(A)၊ သံချဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်အလေးချိန်ပေးခြင်းလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့၌ ကလေးငယ်များအား အင်အားဖြည့်ဗီတာမင်(A)၊ သံချဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်အလေးချိန်ပေးခြင်းလုပ်ငန်းများဆောင်ရွက်




MNP  -   ဇန်နဝါရီ  ၃၀

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယနေ့နံနက် ၉နာရီအချိန်မှစ၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များမှ ကလေးငယ်များအား အင်အားဖြည့် ဗီတာမင်(A)၊ သံချဆေးတိုက်ကျွေးခြင်းနှင့်ကိုယ်အလေးချိန်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ကြောင်းသိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် ၆ လမှ ၅နှစ်အောက်အရွယ်ကလေးများအား ဗီတာမင်(A)ဆေးတိုက်ကျွေးခြင်း၊ အသက် ၂နှစ်မှ ၅ နှစ် အောက် ကလေးများအား သံချဆေးတိုက်ကျွေးခြင်းနှင့် မွေးစမှ အသက် ၅ နှစ်အောက်ကလေးများအားကိုယ်အလေးချိန်ပေးခြင်းလုပ်ငန်းများကို ယနေ့မွန်းတည့် ၁၂နာရီအချိန်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သက်နောင်ဦး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)