ပေါင်မြို့နယ်၌၂၀၂၃ ခုနှစ် (၇၅)နှစ် မြောက် စိန်ရတု လွတ်လပ်ရေးနေ့နိုင်ငံတော်အလံ တင်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌၂၀၂၃ ခုနှစ် (၇၅)နှစ် မြောက် စိန်ရတု လွတ်လပ်ရေးနေ့နိုင်ငံတော်အလံ တင်အခမ်းအနားကျင်းပ





MNP  -  ဇန်နဝါရီ   ၄

မွန်ပြည်နယ်၊ ပေါင် မြို့နယ်၌ (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေး နေ့ နိုင်ငံတော်အလံ တင် အခမ်းအနားကို ယနေ့ နံနက် (၄း၂၀) အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့ရှိ  လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ် သည်။


အခမ်းအနားတွင်  မြို့နယ် ရဲ တပ်ဖွဲ့ ဂုဏ်ပြု တပ် ဖွဲ့မှ နံနက် ၄နာရီမိနစ် ၂၀ တွင် နိုင်ငံတော် အလံကိုလွှင့် တင်ခဲ့ ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် ဦးဆောင်  သော ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့ နိုင်ငံတော်အလံတင် အခမ်း အနားသို့ တက်ရောက် အလေးပြုခဲ့ ကြကြောင်းသိရသည်။


ဆက်လက်၍ နံနက် ၇ နာရီအချိန်တွင်ဝါရီရူခန်းမ၌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ထံမှ (၂၀၂၃ )ခုနှစ်   (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံကောင်စီအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် ကဖတ်ကြားခဲ့သည်။


ထို့နောက် လွတ်လပ်ရေးနေ့အတွက်  စာစီစာကုံး၊ကဗျာ၊ဆောင်းပါးတို့အပြင် မြို့နယ်အလိုက်အားကစားနည်းမျိုးစုံဆုရရှိသူများ၊ဌာနဆိုင်ရာဖူဆယ်ဘောလုံးပြိုင်ပွဲတွင်ဆုရရှိသူများ၊

မြို့နယ်အားကစားပြိုင်ပွဲတွင်စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်‌ခဲ့ကြသောသူများအားတာဝန်ရှိသူများကဂုဏ်ပြုမှတ်တမ်းလွှာများနှင့်ဆုများ  ချီးမြှင့်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကလည်း လွတ်လပ်ရေးနေ့လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)