အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ တနင်္သာရီမြို့တွင် ကျောင်းတွင်း (ပေး၊ ခုန်၊ ပစ်) ပြိုင်ပွဲများပြုလုပ်ပေး၍ ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ တနင်္သာရီမြို့တွင် ကျောင်းတွင်း (ပေး၊ ခုန်၊ ပစ်) ပြိုင်ပွဲများပြုလုပ်ပေး၍ ဆုချီးမြှင့်ပွဲကျင်းပ


MNP  -  ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ကျောင်းတွင်း (ပြေး၊ ခုန်၊ ပစ်) အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အ-ထ-က တနင်္သာရီနှင့် အ-လ-က လယ်တောင်ယာကျောင်း အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ပေးကြောင်း သိရသည်။


၎င်းပြိုင်ပွဲများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သူရစိုးနှင့် ဝန်ထမ်းများက ဆရာ/ မ များနှင့်ပူးပေါင်း၍ မီတာ(၁၀၀)၊(၂၀၀) ၊(၄၀၀) ကျား/ မ အပြေးပြိုင်ပွဲ၊ အလျားခုန်၊ အမြင့်ခုန်(ကျား/မ)ပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်(ကျား/မ)ပြိုင်ပွဲများကို ပြုလုပ်ပေးရာ Grade-7 အတန်းမှ ကျောင်းသူ/သားများက စိတ်ဝင်စားစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြီးပြီး (ပြေး/ခုန်/ပစ်)ကစားနည်း အမျိုးအစားအလိုက် ဆုရ ကျောင်းသူ/သားများအား တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများက ဆုငွေများ ချီးမြှင့်ပေးကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။


ထိန်ဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)