ဒုတိယဝန်ကြီး ဦးရဲတင့်အသိပညာပေးခြင်း၊ ပြန်ကြားပေးခြင်းလုပ်ငန်းများ ထိရောက်အောင်မြင်အောင် ဆောင်ရွက်ကြရန် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးရဲတင့်အသိပညာပေးခြင်း၊ ပြန်ကြားပေးခြင်းလုပ်ငန်းများ ထိရောက်အောင်မြင်အောင် ဆောင်ရွက်ကြရန် မှာကြား


MNP  -   ဇန်နဝါရီ ၁၈

ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်ကိုကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။


ထို့နောက် တုံတာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပရန် စီစဉ်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ရပ်မိ ရပ်ဖများအားတွေ့ဆုံ၍ ပညာရေးဖွံ့ဖြိုးမှုဆိုင်ရာများဆွေးနွေးမှာကြားကာ စုံညီပွဲတော်အတွက် အလှူငွေပေးအပ်သည်။


ယင်းနောက် မိုင်းပျဉ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်ကိုရောက်ရှိကာ ဝန်ထမ်းများအားတွေ့ဆုံပြီး မိုင်းပျဉ်းမြို့ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေး


မွန်းလွဲပိုင်းတွင် ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်ကိုကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအားတွေ့ဆုံကာ ကွန်ဟိန်းမြို့နယ် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ဝင်ရောက် ကြည့်ရှုစစ်ဆေးသည်။


ညနေပိုင်းတွင် ခိုလမ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံနှင့်နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတို့ကိုဝင်ရောက်ကြည့်ရှုပြီး ဝန်ထမ်းများအားလုပ်ငန်းဆိုင်ရာများနှင့် အသိပညာပေးခြင်း၊ ပြန်ကြားပေး ခြင်းလုပ်ငန်းများထိရောက် အောင်မြင်အောင်ဆောင်ရွက်ကြရန် မှာကြားသည်။


ယနေ့ နံနက်ပိုင်းတွင် လွိုင်လင်မြို့ အမှတ် (၁) အခြေခံပညာကျောင်းနဝဒေးခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ပူးပေါင်းပြုလုပ်သော လူငယ်အသိပညာပေးဆွေး‌နွေးပွဲသို့ တက်ရောက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့နှင့်အတူ မြို့ပေါ်ရှိ အ.ထ.က၊ အ.လ.က များမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ အ.ထ.က (၁) နှင့် အ.ထ.က (၂) တို့မှ ဆရာ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်ကပညာရေးကဏ္ဍကို အလေးထားဖြည့်ဆည်းအားပေး ဆောင်ရွက်နေကြောင်း၊ KG+9 အထိပြီးမြောက်အောင် သင်ကြားနိုင်ရေးနှင့် အချိန်မတိုင်မီ ကျောင်းထွက်မှုများ လျော့နည်းကျဆင်းအောင် ကြိုးစားကြရန်လိုကြောင်း၊ နိုင်ငံတော် အကြီးအကဲကလည်း ပညာရေးနှင့်ပတ်သက်၍ လူငယ်များ စာတတ်၊ အတန်းအောင်ရုံ သာမကအသိပညာ၊ အတတ်ပညာဗဟုသုတကြွယ်ဝပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသည့် ဗလငါးတန်ပြည့်ဝသော လူငယ် များဖြစ်စေရေး ပြုစုပျိုးထောင်ပေးကြရန် အမြဲတိုက်တွန်းမှာကြား နေကြောင်း၊ မိဘဆရာပူးပေါင်း ကလေးပညာကောင်းဆိုသည့် စကားနှင့်အညီအားလုံးပူးပေါင်းပြီး ထူးချွန်ထက်မြက်သော လူငယ်များ မွေးထုတ်ပေးနိုင်ကြပါရန် မှာကြားသည်။


အားကစားအထောက်အကူပြု ပစ္စည်းများပေးအပ်


ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ညိုညိုခင်တို့က ကျောင်းသားလူငယ်များအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ပံ့ပိုးပေးသော အားကစားအထောက်အကူ ပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်သည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနသို့ရောက်ရှိပြီး လူထုအခြေပြုဗဟိုဌာနအား ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်ဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဟိုပုံးခရိုင်နှင့် မက်မန်းခရိုင်တို့မှ ခရိုင်ဦးစီးမှူးများ၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ကျောက်တလုံး ကြီးမြို့တို့မှ ဦးစီးမှူးများ၊ ရုပ်မြင် သံကြား ထပ်ဆင့်လွှင့်စက်ရုံမှ ဇုန်နယ် တာဝန်ခံများနှင့် ကိုယ်ပွား သတင်းစာတိုက် (တောင်ကြီး) တို့မှ တာဝန်ခံများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများနှင့် ဝန်ထမ်းရေးရာကိစ္စများ မှာကြားခဲ့သည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)