မြန်အောင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများ ကွင်းဆင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများ ကွင်းဆင်းပေးအပ်





MNP -  ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစု (ပိုးသတ်ဆေး၊ မှိုသတ်ဆေး ၊ရွက်ဖြန်းမြေသြဇာ နှင့်ယူရီးယားဓာတ်မြေသြဇာ၊ ကွန်ပေါင်းမြေသြဇာ)များကို ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စုနှင့် ကန်ဇွန်းခုံကျေး ရွာအုပ်စုတို့တွင် ကွင်းဆင်းပေးအပ်ခဲ့ကြသည်။


ရှေးဦးစွာ လဟာပေါက်ကျေးရွာအုပ်စုတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်တို့က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူ(၁၀)ဦး၏ နွေစပါးဧက (၅၀)အတွက် (ယူရီးယားဓာတ်မြေသြဇာ၊ကွန်ပေါင်းမြေသြဇာ)များ ပေးအပ်ခဲ့ကြပြီး နွေစပါးစိုက်ပျိုးမည့် လယ်ယာမြေ ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုခဲ့ကြသည်။


ဆက်လက်၍ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီး အောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်နှင့်မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်တို့က ကန်ဇွန်းခုံကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်း ဧက (၁၅၀)ဧက အတွက် တောင်သူ(၁၆)ဦးတို့အား  (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေသြဇာ)များကို ပေးအပ်ခဲ့ကြပြီး ပဲတီစိမ်းစိုက်ခင်းအတွင်း ရွက်ဖြန်းမြေသြဇာသွင်းအားစု ထည့်သွင်းခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။


ဝင်းဗိုလ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)