တည်ငြိမ်အေးချမ်းရေးကို လိုလားသော ပြည်သူများအား ဆရာတော် ဦးဝါသဝ သြဝါဒမိန့်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တည်ငြိမ်အေးချမ်းရေးကို လိုလားသော ပြည်သူများအား ဆရာတော် ဦးဝါသဝ သြဝါဒမိန့်ကြား






MNP ၊ ဇန်နဝါရီလ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာမှ ဆရာတော် ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) သည် ယမန်နေ့က ပြည်သူ့စစ်တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သော ကျေးရွာများသို့ လှည့်လည်၍ တည်ငြိမ်အေးချမ်းရေးအတွက် ညီညီညွတ်ညွတ်ဆောင်ရွက်ကြရန် သြဝါဒမိန့်ကြားခဲ့ကြောင်း သိရသည်။

ဆရာတော်က "ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေသူများမှာ KIA, PDF အကြမ်းဖက်သမားများ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ညီညီညွတ်ညွတ် မကာကွယ်လျှင် တော်ကြာတစ်ယောက် ဖမ်းသွားလိုက်၊ သတ်ပစ်လိုက်၊ နောက်တစ်ရွာကို ဝင်ဖမ်းလိုက်၊ သတ်ပစ်လိုက်၊ ဒီလိုနဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူတွေ၊ အတိဒုက္ခရောက်ခဲ့ရသူတွေလည်း မနည်းတော့ဘူး။ ညီညွတ်မှ ချမ်းသာမယ်။ ပြည်သူ့စစ်ဆိုတာ အနီ အစိမ်း ခွဲခြားပြီး လုပ်နေတာ မဟုတ်ဘူး။ ကိုယ့်ရပ်ရွာဒေသကို ချစ်တဲ့စိတ်ရှိရင် ပြည်သူ့စစ်ထဲမှာ ပူးပေါင်းပါဝင် ကာကွယ်လို့ ရတယ်။ ကိုယ့်ရပ်ကိုယ့်ရွာကို ပျက်စီးစေချင်တယ်၊ ဖျက်ဆီးချင်တယ်ဆိုရင် အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ်။ ကျေးရွာကို ဖျက်ဆီးမယ့်သူဆိုရင်တော့ ကျေးရွာထဲမှာ ထားတာကောင်းသလား၊ မထားတာ ကောင်းသလား။ ဒီသဘောလေးတွေကို ရှင်းလင်း မိန့်ကြားခဲ့ပါတယ်။" ဟု ဆရာတော် က မိန့်ကြားသည်။

ဆရာတော်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး မိမိရပ်ရွာကို အကြမ်းဖက်အန္တရာယ်မှ ကာကွယ်လိုသူများအား ပြည်သူ့စစ်များ ဖွဲ့စည်းကာကွယ်နိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)