MNP - ဇန်နဝါရီ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်ပြီး ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ (၁၉)ရာစုနှောင်းပိုင်း တွေ့ရှိရသည့် မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး ဆိုတာဘာလဲ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်သည့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲရသည့် အကြောင်းအရင်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် စိတ်ကြွဆေးပုံစံအမျိုးမျိုး၊ ဘိန်းသီးမှဘိန်းဆီ ထုတ်လုပ်သည့် အကြောင်းအရာများ၊ အခြားနိုင်ငံများတွင် တွေ့ရှိရသော အက်ဖက်တမင်း ပုံစံမျိုးကွဲများ၊ ၁၉ ရာစုနှောင်းပိုင်း တွေ့ရှိရသော မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်၊ ကာကွယ်တိုက်ဖျက်လက်ချင်းယှက်စသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ကဗျာ၊ ကာတွန်းများ ပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး
https://t.me/MyanmarNationalPost
No comments:
Post a Comment