MNP - ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို စေတီတောင်ဓမ္မရုံ၌ ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်က ပြုလုပ်ကြသည်။
ရှေးဦးစွာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် စေတီယဂ်ဏကျောင်းဆရာတော် ဦးပညာသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ဖတ်ပူဇော်အပ်သော ဓဇဂ္ဂသုတ်ပရိတ်ပါဠိတော်များ နှင့် အပြင်အောင်ခြင်းရှစ်ပါး ၊ အတွင်းအောင်ခြင်းရှစ်ပါးကို နာယူကြပြီးဝတ်ရွတ်အသင်းကလည်း အပြင်အောင်ခြင်းရှစ်ပါးမြန်မာပြန်နှင့်ဓဇဂ္ဂသုတ်ပရိတ်ပါဠိတော်များရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်းရွတ်ဆို၍ အခမ်းအအနားကို အောင်မြင်စွာရုပ်သိမ်း လိုက်ကြသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment