ပြည်ဖျက်မိစ္ဆာများ၏ အရှိန်အဟုန်မပျက်သော အကြမ်းဖက်လှုပ်ရှားမှုများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မိစ္ဆာများ၏ အရှိန်အဟုန်မပျက်သော အကြမ်းဖက်လှုပ်ရှားမှုများ


မြန်မာနိုင်ငံအတွင်းမှာ လက်တွေ့ကျကျ အကြမ်းဖက်နေတာက NLD ပါတီဖြစ်ပါတယ်။ ကုလသမဂ္ဂအပါအဝင် ပြည်ပအဖွဲ့အစည်းတွေအနေနဲ့ NLD ပါတီဘက်က အစဉ်သဖြင့် ကာကွယ်ရပ်တည်ပြီး အစိုးရက အကြမ်းဖက်နေသယောင် ထုတ်ပြန်ပြောဆိုမှုတွေ မကြာခဏ ထွက်လာလေ့ ရှိပါတယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ဒါကတော့ အစဉ်အလာတစ်ရပ်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်အရေးနဲ့ ပတ်သက်လာရင် ကုလသမဂ္ဂအပါအဝင် အနောက်အုပ်စုတွေက တိုင်းဖျက်ပြည်ဖျက် လုပ်တဲ့ အုပ်စုတွေဘက်ကပဲ ရပ်တည်ကာကွယ်ပေးပါတယ်။ တိုင်းဖျက် ပြည်ဖျက် လုပ်သူတွေကိုပဲ ကူညီပေးပါတယ်။ တိုင်းဖျက် ပြည်ဖျက် လုပ်နေသူတွေကပဲ တိုင်းပြည်ကို ကာကွယ်နေသယောင် လုပ်ကြံဖန်တီး ရေးသားပြောဆိုမှုတွေနဲ့ အစဉ်တစိုက် ဖိအားပေးလေ့ ရှိတာ သဘာဝလို ဖြစ်နေပါပြီ။ 

အနောက်အုပ်စုရဲ့ ကူညီပံ့ပိုးမှု ရတဲ့အခါကြတော့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တွေအနေနဲ့လည်း အရှိန်အဟန်မပြတ် လှုပ်ရှားဆောင်ရွက်နေနိုင်တာကို တွေ့ရပါတယ်။ NLD ပါတီရဲ့ (၁၁.၃)သန်း ကျော် မဲလိမ်မဲခိုးမှုကြီးကို ကြူးလွန်ခဲ့ခြင်းကို တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်ရတဲ့ ၂၀၂၁ က စပြီး အာဏာရူး NLD တွေဟာ CRPH, NUG, PDF အစရှိသော အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းပြီး ယနေ့ ၂၀၂၃ ခုနှစ်ထဲကို ချည်းနင်းဝင်ရောက်လာသည်အထိ အကြမ်းဖက်လှုပ်ရှားမှုက အရှိန်အဟုန်ပျက်သွားတာမျိုး မရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

NLD အစွန်းရောက်တွေအနေနဲ့တော့ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ထားပါတယ်။ သို့သော် NLD အစွန်းရောက်များ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းများက အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူထားတဲ့ တပ်မတော်ကို ပစ်မှတ်ထားပြီး တော်လှန်တာမျိုး မဟုတ်ဘဲ အပ်တိုတစ်ချောင်းတောင် ကိုင်မထားတဲ့ သံဃာတော်တွေ၊ ဆရာ/ဆရာမတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေကို သတ်ဖြတ်ပြီး တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ထားကြတာ ဖြစ်ပါတယ်။

NLD အစွန်းရောက်များ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့များလည်း ရှိပါသေးတယ်။ သူတို့တတွေအနေနဲ့လည်း NLD နဲ့ ပူးပေါင်းမှသာ ပြည်ပက အထောက်အပံ့တွေ ရမှာ ဖြစ်တဲ့အတွက် NLD အစွန်းရောက်တွေရဲ့ တော်လှန်ရေးမှာ ပါဝင်အားဖြည့်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို အတိဒုက္ခရောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါတယ်။ အဲဒီ အဖွဲ့တွေကတော့ KNU, KNLA, KIA အဖွဲ့တွေပဲ ဖြစ်ပါတယ်။

အကြမ်းဖက်လှုပ်ရှားမှုတွေက ဘယ်နေရာတွေမှာ အထူးအားဖြင့် ထူပြောနေသလဲလို့ မေးရင်လည်း KNU, KNLA နဲ့ နီးစပ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ် မှာ၊ KIA နဲ့ ထိစပ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တွေ မှာ အထူးအားဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ ထူပြောနေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အဖွဲ့တွေထဲမှာ KIA ကတော့ ပိုပြီး လူပါးဝတယ်လို့ ပြောလို့ရတဲ့ အကြောင်းတစ်ချက်ကတော့ KIA ဟာ ကချင်ပြည်နယ်မှာ စစ်မီးတောက်လောက်အောင် မလုပ်ဘဲ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ပြီး တိုက်ပွဲဆင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

KIA က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတာကို သိရှိနားလည်လာကြတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ချုပ်ငြိမ်းလိုတယ်ဆိုရင် KIA တပ်စခန်းတွေကို အမြစ်ပြတ် ခြေမှုန်းပေးဖို့ တောင်းဆိုတဲ့ အသံတွေ ထွက်လာခဲ့ပေမယ့်လည်း တပ်မတော်ကတော့ မလုပ်ခဲ့ပါဘူး။

KNU, KNLA, KKO အစရှိတဲ့ အဖွဲ့တွေကတော့ နီပိန်းတွေရဲ့ သြဝါကို ခံပြီး ကိုယ့်ဒေသခံပြည်သူတွေရဲ့ မျက်နှာကိုမှ မထောက်ထားဘဲ ဒေသခံပြည်သူအများ အတိဒုက္ခရောက်အောင် ကိုယ့်ဒေသမှာပဲ တိုက်ပွဲတွေ ဖန်တီးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

NLD အစွန်းရောက်တွေ အနေနဲ့ရော KNU, KNLA, KIA အဖွဲ့တွေအနေနဲ့က ပြည်သူတွေအတိဒုက္ခရောက်လို့ ဘာမှ ကူညီဖေးမဖို့ မလိုပါဘူး။ ကူညီဖေးမတဲ့ သူတွေလည်း မဟုတ်ပါဘူး။ သူတို့တွေက ဒုက္ခရောက်အောင် ဖန်တီးသူတွေ သက်သက် ဖြစ်ပါတယ်။ ပြည်သူတွေ အတိဒုက္ခရောက်အောင်ဖန်တီးတဲ့ အလုပ်ဟာ သူတို့ရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ အတိဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လက်ညှိုးထိုးပြပြီး အစိုးရက လုပ်လို့ ဒုက္ခရောက်နေရသယောင် ဖန်တီးပြောဆိုတတ်တာလည်း သူတို့ အပြင် မရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်၊ လေးကေကော် ဖြစ်စဉ်ကို ကြည့်နိုင်ပါတယ်။ ငြိမ်းချမ်းရေးစံပြအဖြစ် တည်ထားတဲ့ မြို့လေးအတွင်းကနေ KNU, PDF အကြမ်းဖက်သမားတွေက အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်မှုတွေ ဖြစ်လာတဲ့အခါကြတော့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အခြေအနေမျိုး ဖြစ်ပေါ်ခဲ့တယ်။ လေးကေကော် ဒေသခံပြည်သူတွေ ပြည်လည်အခြေချနေထိုင်နိုင်ဖို့ ဘယ်သူတွေက စီစဉ်ပေးရလဲ။ NLD အစွန်းရောက်တွေနဲ့ KNU, KNLA က စီစဉ်ပေးခဲ့ပါသလား။ စိစဉ်မပေးခဲ့ပါဘူး။ အစိုးရကပဲ စီစဉ်ဆောင်ရွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်ထဲကို ချည်းနင်းဝင်ရောက်လာချိန်မှာ NLD အစွန်းရောက်တွေက (၂၀၂၃ စစ်အာဏာရှင် နိဂုံး) လို့ ထပ်ဆင့်လှုံ့ဆော်မှုတွေ လုပ်ဆောင်လာကြပါတယ်။ သဘောကတော့ အကြမ်းဖက်လှုပ်ရှားမှုတွေ အရှိန်အဟုန်မြင့် ဆောင်ရွက်မယ်လို့ လှုံ့ဆော်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိ တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူထားတဲ့ တပ်မတော်က စစ်အာဏာရှင် မဟုတ်တဲ့အတွက်ကြောင့် သူတို့ ပြောသလို ရက်စက်ယုတ်မာနေတာမျိုး မရှိသလို NLD အစွန်းရောက်တွေနဲ့ KNU, KNLA, KIA တို့ရဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ရက်စက်ယုတ်မာနေတဲ့ လုပ်ရပ်တွေကို ပြတ်ပြတ်သား ခြေမှုန်းဖို့ တောင်းဆိုနေမှုတွေကိုတောင် ဂရုမစိုက်ပါဘူး။ NLD အစွန်းရောက်တွေရဲ့ ယုတ်မာရိုင်းစိုင်းလွန်းသော အကြမ်းဖက်လုပ်ရပ်တွေအပေါ် သဘောထားကြီးစွာနဲ့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ကြဖို့ ဖိတ်ခေါ်နေတာကို တွေ့ရပါတယ်။

NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီတွေဟာ သူတို့ပါတီကို မထောက်ခံတဲ့ သူမှန်သမျှကို စစ်ခွေး၊ ဒလန် ခေါင်းစဉ်တပ်ပြီး နည်းမျိုးစုံနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ ပြည်ခိုင်ဖြိုးပါတီဝင် အများဆုံးဖြစ်ပြီး အခြားသော ပါတီအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေလည်း နီပိန်းအကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါတယ်။ နီပိန်းတွေရဲ့ ဒီလို ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေကို ဘယ်သူက သည်းခံနိုင်မလဲ။ ပိုဆိုးတာက အနာဂတ်မျိုးဆက်သစ်တွေရဲ့ ပညာရေးအတွက် တာဝန်သိစိတ်နဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ/ဆရာမတွေကိုလည်း နီပိန်း အကြမ်းဖက်သမားတွေက သတ်တယ်။ ဘယ်သူက သည်းခံနိုင်တော့မလဲ။ အဆိုးဆုံး အနေနဲ့ သံဃာတော်တွေကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်တဲ့ လုပ်ရပ်တွေ ကြူးလွန်လာကြတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ပြည်သူများစွာ ရှိတယ်။ နီပိန်းတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းလွန်းတဲ့ လုပ်ရပ်တွေကို သံဃာတော်တွေအနေနဲ့ရော ဗုဒ္ဓဘာသာဝင် ပြည်သူတွေအနေနဲ့ရော ဘယ်သည်းခံနိုင်ပါတော့မလဲ။

၆-၁-၂၀၂၂ ရက်နေ့မှာပဲ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာ မှာ သာသနာပြု လုပ်ငန်းများဆောင်ရွက်နေတဲ့ သံဃာတော်တစ်ပါး၊ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၁)ဦး ကို PDF အကြမ်းဖက်သမားတွေက ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်လိုက်ကြတယ်။ ဒီလို ယုတ်မာရိုင်းစိုင်းလွန်းတဲ့ လုပ်ရပ်ကို ပြည်သူအများက လက်မခံဘူးဆိုတာ နီပိန်းတွေ သိတယ်။ နီပိန်းတွေ ကြူးလွန်တဲ့ ပစ်မှုကို တပ်မတော်သားတွေက သတ်ပါတယ်လို့ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာအုပ်စုက တစ်သံတည်း ရေးသားဖော်ပြကြတာကို တွေ့ရတယ်။ 

တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ တိုင်းပြည်ကို မူလအခြေအနေသို့ရောက် ဆောင်ရွက်ရန် တာဝန်ယူခဲ့တာ ဆိုရင်ဖြင့် ၂နှစ်တာ ကာလသက်တမ်းအတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှုက အရှိန်အဟုန် လျော့ကျသွားတာမျိုး မရှိဘူးလို့ပြောရမှာပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလမှာ နစက အနေနဲ့ သက်တမ်းတိုးခွင့် မရှိတော့ဘဲ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို ပြန်လည်လွှဲအပ်ရမယ့် လုပ်ငန်းစဉ်က ရှိနေပါတယ်။ ၂နှစ်တာ ကာလအတွင်းမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း လေးထောင်ကျော်အထိ အသတ်ခံခဲ့ရသလို နေ့စဉ်ရက်ဆက် ဆိုသလို NLD အစွန်းရောက်များနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ KNU, KNLA, KIA အဖွဲ့တွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်မှုတွေ ကြူးလွန်နေကြဆဲ ဖြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ 

အနောက်အုပ်စုရဲ့ ကူညီပံ့ပိုးမှုတွေ ရနေတဲ့ NLD အစွန်းရောက်တွေ အနေနဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်လာမှာကို မလိုလားကြပါဘူး။ ရွေးကောက်ပွဲကို ဖျက်ဆီးဖို့ ဦးတည်လှုံ့ဆော်နေတာကိုလည်း သတိပြုမိကြမှာ ဖြစ်ပါတယ်။ နီပိန်းတွေ ဘက်ကတော့ အကြမ်းဖက်လှုပ်ရှားမှုကို လျှော့ချသွားဖို့ အစီအစဉ်မရှိဘူးဆိုတာ သေချာနေပါတယ်။ နီပိန်း အကြမ်းဖက်တွေအနေနဲ့က တပ်မတော်ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်းမရှိတဲ့အတွက် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကိုသာ လစ်ရင်လစ်သလို လုပ်ကြံသတ်ဖြတ်နေကြမှာပဲ ဖြစ်ပါတယ်။

နစကအနေနဲ့သော်လည်းကောင်း၊ တပ်မတော်အနေနဲ့သော်လည်းကောင်း၊ နစက က လွှဲပြောင်းပေးလို့ ကာလုံအနေနဲ့ ဆက်လက်စီမံဆောင်ရွက်ခဲ့လျှင်သော်လည်းကောင်း ယခုလိုပဲ ရှေ့ခရီးဆက်မည်လား ဆိုသည်ကို မေးခွန်းထုတ်စရာ ရှိပါသည်။ ယခုကဲ့သို့ပင် အကြမ်းဖက်အုပ်စုများအပေါ် သည်းခံခွင့်လွှတ်၍ ရှေ့ခရီးကို ဆက်မည်ဆိုပါက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများမှာ အသေဆိုးနဲ့ ထပ်တိုးသေဆုံးနေရအုံးမှာ ဖြစ်ပါတယ်။

NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာများအနေနဲ့တော့ ပြည်သူကို ပါးစပ်ဖျားကမချ ပြောဆိုနေသည့်တိုင်အောင် ၎င်းတို့နှင့် သဘောဆန္ဒမတူသည့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ မည်သူ့ကို မဆို စစ်ခွေး၊ ဒလန်၊ ပျူ ခေါင်းစဉ်အမျိုးမျိုးတပ်၍ မရိုးနိုင်အောင် ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေကြမှာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)