ထားဝယ်မြို့၊ ပန်းသုံးဝဘုန်းတော်ကြီးကျောင်းတွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့၊ ပန်းသုံးဝဘုန်းတော်ကြီးကျောင်းတွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်




MNP   -   ဇန်နဝါရီ  ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း ရဟန်းရှင်လူ ပြည်သူအများဘေးအန္တရာယ် အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ယနေ့နံနက်ပိုင်းက ပန်းသုံးဝဘုန်းတော်ကြီးကျောင်းတွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသိရသည်။


ထို့နောက် သံဃာတော်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးခင်မောင်ချို၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဝတ်ရွတ်အသင်းများနှင့် ဒေသခံပြည်သူများက အပြင်အောင်ခြင်း (၈)ပါး၊ အတွင်းအောင်ခြင်း(၈)ပါး၊ ပါဠိတော်များ နှင့်ပရိတ် ကြီး(၁၁)သုတ်မှဓဇဂ္ဂသုတ်အား ရွတ်ဆို ပူဇော်ပေးခဲ့ကြပြီး ဝတ်အသင်းများက အပြင်အောင်ခြင်း (၈)ပါး နှင့် ပရိတ်ကြီး(၁၁)သုတ်မှ ဓဇဂ္ဂသုတ် တော် အားမြန်မာပြန် ဆက်လက်ရွတ်ဆို ပူဇော်ပေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)