မိတ္ထီလာပညာရေးဒီဂရီကောလိပ်၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာပညာရေးဒီဂရီကောလိပ်၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုပေးပွဲအခမ်းအနားကျင်းပ



MNP  -  ဇန်နဝါရီ ၂၁

မိတ္ထီလာပညာရေးဒီဂရီကောလိပ်၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ပညာရေးကောလိပ်ရှိ ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ကျောင်းသားကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ခေတ္တပညာရေးမှူး ဦးမြသိန်းက အမှာစကားပြောခဲ့သည်။ ထို့နောက် လေ့ကျင့်ရေး အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းထက်ထက်အောင်က ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုပေးပွဲအခမ်းအနားကျင်းပရခြင်း ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်တစ်ဦးက စုံညီပွဲတော်ဖြစ်မြောက် ရေးနှင့် ကျောင်းဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ဒုတိယ မြို့နယ်ပညာရေးမှူး ဦးနိုင်နိုင်ဦးက လေ့ကျင်းရေးအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမ ကြီးအား ကျောင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စွမ်းဆောင်ရည်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ခေတ္တမြို့နယ် ပညာရေးမှူး ဦးမြသိန်းနှင့် တာဝန်ရှိသူ များက ၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် ကျောင်းတက်မှန်ဆုရ ဆရာဆရာမများ၊  အတန်းလိုက်သင်ကြားရေး စွမ်းဆောင်ရည်ဆုရ ဆရာဆရာများ၊ တိုင်းဒေသကြီး အဆင့်၊ မြို့နယ်အဆင့်တို့တွင် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် အတန်းအလိုက် ထူးချွန်ဆုများ ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းထက်ထက်အောင်နှင့် တာဝန်ရှိသူများက အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့သည်။


အဆိုပါအခမ်းအနားကို တက်ရောက်လာကြသူများအား ဒုတိယတန်းမှ ကျောင်းသားလေး မောင်အောင်ခန့်ပိုင်က ဆိုင်းဖြင့် စွမ်းရည်ပြသခြင်း၊ အဌမတန်းမှ ကျောင်းသားလေး မောင်ဉာဏ်လင်းကျော်က တယောဖြင့် စွမ်းရည်ပြသခြင်းနှင့် အဌမတန်းမှ ကျောင်းသူ မတန်းခူးမေ၊ မောင်ဘုန်းမြတ်ကိုကိုတို့က  ခြင်းလုံအလှခတ်ပြီး စွမ်းရည်ပြသဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


သိန်းမြင့်ကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)