ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲများ စတင်နုတ်ယူဆွတ်ခူး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲများ စတင်နုတ်ယူဆွတ်ခူး



MNP  -  ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျီးအင်းကျေးရွာတွင် ယခုနှစ်စိုက်ပျိုးသော ဆီထွက်သီးနှံဆောင်းမြေပဲများ စတင်နုတ်ယူဆွတ်ခူးနေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။


“ ကျွန်တော် နှစ်စဉ်မြေပဲစိုက်ပျိုးပြီး ဒီနှစ် ဆောင်းမြေပဲ နှစ်ဧက စိုက်ပျိုးခဲ့ပါတယ်။ မျိုးဖိုး၊ မြေဩဇာဖိုး၊ ဆေးဖိုး၊ ထွန်ယက်ခ၊ အလုပ်သမားခအပါဝင် ငွေကျပ် ငါးသိန်းခန့်ကုန်ကျပါတယ်။ အခုလက်ရှိ မြေပဲ (အစို)တစ်တင်း ငွေကျပ် ၁၃၀၀၀ ဈေးပေါက်ပါတယ်။ မြေပဲရိုးကိုလည်း ကျွှဲ၊ နွားစာအဖြစ်အသုံးပြုရတဲ့အတွက် စိုက်ပျိုးသင့်ပါတယ်”ဟု မကျီးအင်းကျေးရွာ ဆောင်းမြေပဲစိုက် တောင်သူတစ်ဦးကပြောပြသည်။


အ‌ဆိုပါမြေပဲစိုက်တောင်သူများအား စိုက်နည်းစနစ်မှန်ကန်ရေးပညာပေးခြင်း၊ ကွင်းသရုပ်ပြပွဲများကျင်းပခြင်း၊ ပိုးမွှားကင်းထောက်ခြင်း၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်းဆေးပြုလုပ်သုံးစွဲနည်းများပြသခြင်း ဆောင်ရွက်ပေးကြောင်း မြို့နယ်စိုက်ပျိုးရေးစီးဌာနမှ သိရသည်။


ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် မြေပဲ၊ ပန်းနှမ်း၊ နေကြာ၊ နှမ်း၊ မုံညှင်းစေ့ စုစုပေါင်း ဧက ၃၄၈၅၉ စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ဆောင်းမြေပဲ ၆၅၅၁ ဧက စိုက်ပျိုးရန်လျာထားပြီး ၁၄၂၃၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးစီးဌာနမှ သိရသည်။


မျိုးဝင်းညို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)