MNP - ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆောင်ရွက်ခြင်းအား ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကွမ်းခြံချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။
အဆိုပါလူငယ်စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက လူငယ်စကားဝိုင်းဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်နှင့် လူငယ်နှင့် စာဖတ်ခြင်းအကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က လူငယ်နှင့်အားကစားစိတ်ဓါတ်အကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်က လူငယ်နှင့်အစားအသောက် အန္တရာယ်အကြောင်း သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး Grade-7 မှ မောင်ထက်နိုင်ဝင်းမှ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ Grade-7 မှ မဆုမြတ်ရွှေစင်က လူငယ်နှင့်အားကစားအကြောင်း၊ Grade-8 မှ မောင်ရှိုင်းထက်သူက လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးကာ ကျောင်းတာဝန်ခံဆရာမ ဒေါ်မေဇင်ချစ်က ယနေ့လူငယ်စကားဝိုင်းမှ အတွေ့အကြုံကောင်းများ ရရှိ၍ နောင်တစ်ချိန်တွင် တန်ဖိုးရှိသော လူငယ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်အောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment