ကန်ကြီးထောင့်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ ဓာတ်အားအပြည့်အဝ သုံးစွဲနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ ဓာတ်အားအပြည့်အဝ သုံးစွဲနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွတ်



MNP   -   ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျော့ချနိုင်ရေး၊ Losses များ ကျဆင်းနိုင်ရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေနိုင်ရေးတို့အတွက် ကန်ကြီးထောင့်မြို့၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းဦးပိုင်နှင့် ဝန်ထမ်းများက  ယမန်နေ့တွင်  မြို့ပေါ် (၇) ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကန်ကြီးထောင့်မြို့နယ် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းအနေဖြင့် မြို့နယ်အတွင်းဓာတ်အား ဖြန့်ဖြူးပေးထားသော ထရန်စဖော်မာများ၊ ၁၁ ကေဗွီဓာတ်အားလိုင်းအား ကြံ့ခိုင်မှုရှိစေရန်ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် နီးသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဗို့အားကောင်းသော Insulated Wire များဖြင့် လိုင်းကြိုးများလဲလှယ်ခြင်း၊ ထရန်စဖော်မာများ တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကန်ကြီးထောင့်မြို့ပေါ်ရပ်ကွက်များ၌ ၄၀၀ ဗို့ကြိုးဟောင်း ၄ မိုင်အား Insulated Wire 95sqmm, 35sqmm များဖြင့်လဲလှယ်ခြင်း၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၄ လုံး တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သော သက်ဆိုင်ရာ ကုမ္ပဏီများမှ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၇၅% ခန့်ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရပါသည်။


မဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)