တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြသည့် တိုင်းရင်းသားများဖြစ်ကြသည့်အတွက် မလိုသူတို့၏သွေးထိုးမှုများကို နားမယောင်ကြရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြသည့် တိုင်းရင်းသားများဖြစ်ကြသည့်အတွက် မလိုသူတို့၏သွေးထိုးမှုများကို နားမယောင်ကြရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား

 









MNP ၊ ဇန်နဝါရီ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးခင်ရီသည် ယမန်နေ့ နေ့လည် ၂ နာရီအချိန်တွင် တောင်ကြီးမြို့နယ် ပါတီရုံးခန်းမတွင်ပြုလုပ်သော ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့ (၈)ဖွဲ့ နှင့် တွေ့ဆုံပွဲတွင် တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြသည့် တိုင်းရင်းသားများဖြစ်ကြသည့်အတွက် မလိုသူတို့၏သွေးထိုးမှုများကို နားမယောင်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


တွေ့ဆုံပွဲအခမ်းအနားတွင် ပါတီဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားရာ " ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲမသမာမှုအချက်အလက်များနှင့် အကြောင်းအရာများကိုလည်းကောင်း၊ တစ်နိုင်ငံတည်း တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြသည့် တိုင်းရင်းသားများဖြစ်ကြသည့်အတွက် မလိုသူတို့၏သွေးထိုးမှုများကို နားမယောင်ကြရန်နှင့် အချင်းချင်းသွေးစည်းညီညွတ်ကြရန်၊  လာမည့်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်  " ပြောကြားခဲ့သည်။


ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာသော တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များမှ " အဖွဲ့အစည်းဖြစ်ပေါ်လာမှု၊ တည်ထောင်မှု၊ လိုအပ်ချက်အခက်အခဲများနှင့် ဆောင်ရွက်နေမှုများ " အား ဆွေးတွေးတင်ပြကြရာ ပါတီဥက္ကဋ္ဌမှ " ယခုလိုတွေ့ဆုံရသည့်အတွက် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များကို ကျေးဇူးတင်ပါကြောင်း၊ လိုအပ်ချက်များကိုလည်း ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် ချိတ်ဆက်၍ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ပါတီအနေဖြင့် ယခုစာပေယဉ်ကျေးမှုအဖွဲ့များနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံဆောင်ရွက်သွားမည်ဖြစ်ကြောင်း " ပြောကြားခဲ့ပြီး ပါတီဥက္ကဋ္ဌနှင့် ပြည်နယ်ပါတီဥက္ကဋ္ဌတို့မှ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)