ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ပဲ ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ပဲ ထောက်ပံ့ပစ္စည်းများပေးအပ်




MNP  -  ဇန်နဝါရီ ၁၄

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသနှင့် ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့သို့ရောက်ရှိနေသော ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ပဲအစရှိသော စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။


ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ယာယီတိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်၊ ဆီ၊ ပဲ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို  မြိုင်ကြီးငူအေးလင်းသာယာကျောက်စာကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က နေအိမ်၊ အလုပ်အကိုင်များကိုစွန့်ခွာပြောင်းရွှေ့နေထိုင်ကြရသည့်အတွက် မိသားစုများစွာအခက်အခဲဖြစ်ကြရမည်ကို စာနာနားလည်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက်များကို တတ်အားသရွေ့ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အေးချမ်းစွာဖြင့်မိမိတို့နေထိုင်ရာ ရပ်ရွာအသီးသီးသို့ အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အားပေးစကားပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံစစ်ဗျူဟာမှူးနှင့်  ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဗဟိုအကြံပေးအဖွဲ့ ဒုဗိုလ်မှူးကြီးစောကျော်ထူးတို့က တိုက်ပွဲရှောင်အိမ်ထောင်စု ၄၃၂ စု၊ လူဦးရေ ၂၀၈၉ ဦးတို့အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှလှူဒါန်းသော တန်ဖိုးငွေကျပ် ၂၅၉၂၃၅၀၀ (နှစ်ရာငါးဆယ်ကိုးသိန်း နှစ်သောင်းသုံးထောင်ငါးရာ)တန်ဖိုးရှိ ဆန် ၅၂၂ အိတ်၊ ဆီ ၂၁၆ ပိဿာ၊ ပဲ ၄၃၂ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။


ယင်းနောက် တိုက်ပွဲရှောင်အိမ်ထောင်စုများက လိုအပ်ချက်များအားတင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တိုက်ပွဲရှောင်အိမ်ထောင်စုများကိုယ်စား ပြည်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ပွဲရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများပြောကြားခဲ့သည်။


ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဖာပွန်/ကမမောင်းဒေသရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်၊ ဆီ၊ ပဲထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ရွှေမြတ်မျိုးကြွယ်(အုန်းတော)ပရိယတ္တိစာသင်တိုက် သီရိသုခဓမ္မာရုံ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က တိုက်ပွဲရှောင်ပြည်သူများအား အားပေးစကားများပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မမှူးနှင့် နယ်မြေခံစစ်ဗျူဟာမှူးတို့က တိုက်ပွဲရှောင်အိမ်ထောင်စု ၇၁၈ စု၊ လူဦးရေ ၃၁၄၄ ဦးအတွက် ငွေကျပ် ၃၆၃၆၉၀၀ (သုံးဆယ်ခြောက်သိန်းသုံးသောင်းခြောက်ထောင်ကိုးရာ)တန်ဖိုးရှိ အဝတ်အထည်နှင့်အသုံးအဆောင်ပစ္စည်းများ၊ ငွေကျပ် (၄၃၆)သိန်းကျော် တန်ဖိုးရှိ ဆန် ၇၈၆ အိတ်၊ ဆီ ၃၅၉ ပိဿာ၊ ပဲ ၇၁၈ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)