ကျိုက်ထိုမြိုနယ်၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်စာအုပ်ပြပွဲ၊နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲနှင့် စွမ်းရည်ပြိုင်ပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြိုနယ်၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်စာအုပ်ပြပွဲ၊နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲနှင့် စွမ်းရည်ပြိုင်ပွဲများပြုလုပ်





MNP  -   ဇန်နဝါရီ ၃

     မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍(၇၅)နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် စာအုပ်ပြပွဲ၊နံရံကပ်စာ‌စောင်၊ဓါတ်ပုံပြပွဲနှင့်စွမ်းရည်ပြိုင်ပွဲများကို ဇန်နဝါရီ ၃ ရက် နေ့လည် ၁၂ နာရီတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန Community Center ၌ကျင်းပပြုလုပ်ခဲ့သည်။


       ရှေးဦးစွာမြို့နယ်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းမော် ကမြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်ကြိုးပမ်းဆောင်ရွက်ခဲ့သည့်ဗိုလ်ချုပ်‌ အောင်ဆန်းနှင့်မျိုးချစ်ပုဂ္ဂိုလ်များအကြောင်းကိုအသိပညာပေးဟောပြောပြီး စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ကာဆုရရှိသူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။


      ထို့နောက် လွတ်လပ်ရေး ရရှိခဲ့ပုံများ၊လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှတ်တမ်းစာအုပ်များ၊ နံရံကပ်စာစောင်များကို ပြသထားရာကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရသည်။


ဝင်းမောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)