ရမ်းဗြဲမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်း ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်း ကြည့်ရှုအားပေး




MNP  -   ဇန်နဝါရီ   ၁၄

    ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ အပတ်စဉ်စနေနေ့တိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဌာနဆိုင်ရာများမှ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်ရေးကို ဆောင်ရွက်ပေးလျက်ရှိကြရာ    ယနေ့နံနက် ၇ နာရီက ရမ်းဗြဲမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ  ဇီဇဝါလမ်းသွယ်တစ်လျှောက်တွင်  သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းဆောင်ရွက်ပေးကြသည်။


    ထိုသို့ဆောင်ရွက်ရာတွင်  လမ်းဘေးဝဲယာတစ်လျှောက်ရှိ မီးလောင်လွယ်ကူသည့်သစ်ရွက်ခြောက်များ၊ မြက်ခြောက်များ အမှိုက်များနှင့် စွန်ပစ်ပလပ်စတစ်များအား   ကောက်ယူသိမ်းဆည်းပေးကြပြီး    မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်းယဉ်ဖြင့်သိမ်းဆည်းသယ်ဆောင်ပေးကြသည်။


    အဆိုပါ ဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့်ဌာနဆိုင်ရာများမှပူးပေါင်းဆောင်ရွက်ပေးကြရာ    လိုအပ်သည်များကို   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက်    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းမှ  လာရောက်ပြီးကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


အောင်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)