တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ






MNP   -   ဇန်နဝါရီ  ၁၄

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက တောင်တွင်းကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ‌များက ပြည်မြန်မာသီချင်းဖြင့် စုပေါင်းသီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းက ပညာရေးစုံညီပွဲတော် ကျင်းပပေးရသည့်ရည်ရွယ်ချက်နှင့် မြို့နယ်အတွင်း ပညာရေးကဏ္ဍဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ နယ်မြေခံတပ်မှူး၊ နယ်မြေခံတပ်ရင်းမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် (၅)ဘာသာဂုဏ်ထူးရှင်များ၊ မြို့နယ်အဆင့် လူရည်ချွန်ဆု၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ဆု၊ ဘက်စုံထူးချွန်ဆု၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီဆုရကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ကျောင်းသားအားကစားပွဲတော် တိုင်းအဆင့်ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ဆုရကျောင်းသားများ၊ တပင်တိုင်အက၊ ကဗျာလွတ်အကဆုရကျောင်းသူများနှင့်အခြေခံပညာဆရာ/ ဆရာမများ အထူးမွမ်းမံသင်တန်း(ဇီးပင်ကြီး)တွင် စစ်ရေးပြထူးချွန်ဆုရ ဝန်ထမ်းစသည့် ကဏ္ဍအလိုက် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူ စုစု‌ပေါင်း(၅၃)ဦးတို့အား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ဆက်လက်၍‌ ကျောင်းသား၊ ကျောင်းသူလေးများက မင်္ဂလာပါသီချင်း၊ တပင်တိုင်အက၊ ပုဂံအက၊ ဦးရွှေရိုး ဒေါ်မိုးသီချင်း၊ သင်္ကြန်မိုးသီချင်း၊ တောင်ယာဝင်ချိန်သီချင်း၊  ရှမ်းရိုးရာအက၊ လက်ပံကောက်သီချင်း၊ ဇာတိမာန်သီချင်းတို့ကို သီဆိုကပြဖျော်ပေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)