MNP - ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက မြို့ဝင် တိုးဂိတ်တွင် မော်တော်ယာဉ် မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်ယာဉ်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာကပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြုလုပ်ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရွှေတောင် မြို့မရဲစခန်းမှူး ဒုရဲမှူးသိုက်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးသန်းထူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ ကြာနီကန်ရပ်ကွက ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၇၀) ဦး ခန့်ဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment