ချင်းပြည်နယ်ရှိ ကလေးငယ်များ၏ ၄၀ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့နေသည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ရှိ ကလေးငယ်များ၏ ၄၀ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့နေသည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား






MNP ၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ရှိ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသများမှ ဒေသခံပြည်သူ များ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးရန်အတွက် ဆရာဝန်လိုအပ်လျက်ရှိသော ဆေးရုံ များတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့က ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ်ရာ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ချင်းပြည်နယ်ရှိ ကလေးငယ်များ၏ ၄၀ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့နေသည်ကို တွေ့ရှိရကြောင်း ချင်းပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည့်အခြေအနေနှင့် စပ်လျဉ်း၍ ထည့်သွင်းပြောကြားသွားသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး တောတောင် ရေမြေ၊ တောင်တန်း၊ မြေပြန့်နှင့် မြစ်ဝှမ်းလွင်ပြင်အစရှိသည့် မြေမျက်နှာသွင်ပြင် စုံလင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ထိုကဲ့သို့သောဒေသများတွင် မိမိတို့တိုင်းရင်းသား များသည် နေရာအနှံ့ ပျံ့နှံ့နေထိုင်နေကြသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ သွားလာရခက်ခဲသည့် တောင်တန်းဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသားများ သည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်ပါက လက်လှမ်းမမီခဲ့သည့်အတွက် ကျန်းမာရေးအဆင့်အတန်းသည် ခေတ်အဆက်ဆက် နိမ့်ကျခဲ့သည်ကိုလည်း တွေ့ရမည် ဖြစ်ကြောင်း။


ချင်းပြည်နယ်၏ လက်ရှိကျန်းမာရေးအခြေအနေကို လေ့လာကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ချက်များအရ  မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်း (Life Expectancy at Birth) သည် ၆၇ နှစ် ဖြစ်ပြီး ချင်းပြည်နယ်၏ မျှော်မှန်းသက်တမ်း သည် ၆၃.၃ နှစ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အနိမ့်ဆုံးဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင် ၁ နှစ်အောက်ကလေးသေဆုံးနှုန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးအရှင် ၁၀၀၀ မွေးတိုင်း ၁၂ ဦးရှိပြီး ချင်းပြည် နယ်၌ ၁၈ ဦး၊ ၅ နှစ်အောက်ကလေး သေဆုံးနှုန်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကလေးအရှင် ၁၀၀၀ မွေးတိုင်း ၁၅ ဦးရှိပြီး ချင်းပြည်နယ်၌ ၂၅ ဦး ရှိသည်ကို တွေ့ရှိ ရမည်ဖြစ်ကြောင်း၊ မိခင်သေဆုံးမှုအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေး အရှင် ၁ သိန်း မွေးတိုင်း ၁၀၂.၇ ဦး ရှိပြီး ချင်းပြည်နယ်၌ ၁၅၈ ဦးခန့် ရှိသည့်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အမြင့်ဆုံးဖြစ်နေသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ ထို့အပြင် ငါးနှစ်အောက်ကလေးငယ်များ၌ အာဟာရချို့တဲ့မှုများ အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၆.၇ ရာခိုင်နှုန်းရှိရာ ချင်းပြည်နယ်ရှိ ကလေးငယ်များ၏ ၄၀ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့နေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ ဝေးလံခေါင်ဖျားပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမမီသည့် တိုင်းရင်းသားဒေသများကို မိမိတို့တပ်မတော်အနေဖြင့် ကျန်းမာ ရေးစောင့်ရှောက်မှုများ ပေးသွားရမည်ဖြစ်ကြောင်း။


ထိုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် တပ်မတော်သား ဆေးမှူးအရာရှိများကို ၂၀၁၆ ခုနှစ်ကတည်းက စေလွှတ်ခဲ့ရာ ပထမအကြိမ် ၄၄ ဦး၊ ဒုတိယအကြိမ် ၄၄ ဦး၊ တတိယအကြိမ် ၄၆ ဦးနှင့် စတုတ္တအကြိမ်တွင် ၁၈ ဦးဖြင့် ဆေးမှူးအရာရှိ (၁၅၂)ဦးကို လေးကြိမ်ခွဲ၍ စေလွှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တတိယ အကြိမ် ဆေးအကာအကွယ်ပေးတာဝန်များကို ထမ်းဆောင်ရန်အတွက် ဆေးမှူး အရာ ရှိ ၄၆ ဦးကို စေလွှတ်ခဲ့ရာ ၄၄ ဦး ပြန်လည်ရောက်ရှိလာခဲ့ပြီး ၂ ဦးသည် လုံလဲ တိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ကိုခံခဲ့ရသည့်အတွက် ကျဆုံးခဲ့ရသည်ကိုလည်း စိတ်မကောင်းဖွယ် တွေ့မြင်ကြရမည် ဖြစ်ကြောင်း၊ တတိယအကြိမ်စေလွှတ်ခဲ့သည့် တပ်မတော်သား ဆေးမှူးများသည် တွန်းဇံ၊ မတူပီ၊ မှောင်တလန်၊ လဟယ်နှင့် နန်းယွန်းအစရှိသည့် ဒေသများတွင်ရှိသည့် မြို့နယ် ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေး ဆေးပေးခန်း ၂၃ နေရာ ၌ ၂ နှစ်နှင့် ၃ လကြာ တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုအထဲမှ ဆေးမှူး အရာရှိနှစ်ဦးဖြစ်သည့် ဗိုလ်ကြီး လှိုင်မြင့်ထွန်းနှင့် ဗိုလ်ကြီး ဝင်းကျော် တို့နှစ်ဦးသည် ကျရာတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့သည့်အတွက် တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့်ခြင်းကို ခံခဲ့ရသည်ကိုလည်း တွေ့ရ မည်ဖြစ်ကြောင်း။


လူတစ်ဦးချင်းတစ်ယောက်ချင်းစီ၏ဘဝများ ရှင်သန်ရပ်တည်ရန် တစ်ဦးချင်းစီ၏ မျှော်လင့်ချက်ပန်းတိုင်များ ရှင်သန်နေရန်လိုကြောင်း၊ ပြည်သူတစ်ဦးချင်းစီ၏ မျှော်လင့်ချက်ပန်းတိုင် ရှင်သန်ခြင်းမှသည် မိသားစုနှင့် နိုင်ငံတော်၏ မျှော်လင့်ချက် ပန်းတိုင်များ ရှင်သန်စေပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အောင်မြင်မှုကို ရရှိလာနိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ဝေးလံခေါင်ဖျားသည့် ဒေသများ၌ တာဝန် ထမ်းဆောင်ခဲ့သည့် ဆေးမှူးအရာရှိများအနက် ၇၆ ဦးကို ဆေးပညာမဟာသိပ္ပံ သင်တန်းကို တိုက်ရိုက်တက်ရောက်ခွင့်ပြုခဲ့ပြီးဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဆေးမှူးအရာရှိများအနေဖြင့်လည်း မိမိတို့၏ဘဝ မျှော်လင့်ချက်ပန်းတိုင်ကို ရောက်ရှိ အောင် မျက်ခြေမပြတ် ဆက်လက်ကြိုးပမ်းအားထုတ်ခြင်းဖြင့် မိမိအကျိုး၊ မိမိ မိသားစု အကျိုး၊ နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို တိုးတက်အောင် ဆောင်ရွက်သွားကြ လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုရရှိခဲ့သည့် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စိတ်ရှည် သည်းခံ မှု၊ ရောင့်ရဲတင်းတိမ်မှုများကို မလျှော့ကြရန်မှာကြားလိုကြောင်း။


ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ တာဝန် ထမ်းဆောင် ခဲ့သည့် ဆေးမှူးအရာရှိများအနက် ထူးခြားချက်အနေဖြင့်  တပ်မတော်သား ဆေးမှူး အရာရှိတစ်ဦးသည် ၂၀၁၈ ခုနှစ်တွင် မတူပီမြို့နယ် ပြည်သူ့ဆေးရုံမှာ ပထမအကြိမ် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယခု ၂၀၂၂ ခုနှစ်တွင်လည်း ဒုတိယအကြိမ် အနေဖြင့် မိမိဆန္ဒအလျောက် လဟယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ထပ်မံ သွားရောက်တာဝန် ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရသည့်အတွက် ချီးကျူးဂုဏ်ယူကြောင်းကို ပြောကြားလိုပါကြောင်း။


တပ်မတော်အနေဖြင့် ယခုကဲ့သို့ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင်ရှိသည့် တိုင်းရင်းသားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ရာ တွင် ပထမအကြိမ်အနေဖြင့် ဒေသခံပြည်သူလူထု ၂၀၂,၃၃၂ ဦး၊ ဒုတိယအကြိမ် အနေ ဖြင့် ၁၇၁,၀၈၄ ဦး၊ တတိယ အကြိမ်အနေဖြင့် ၉၃,၆၀၀ ဦး၊ စုစုပေါင်း ၄၆၇,၀၁၆ ဦးတို့ကို ပြုစုစောင့်ရှောက်မှုများကို ပေးနိုင်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှုများအနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ၊ ခွဲစိတ်ရောဂါ၊ ကလေးနှင့် သားဖွားမီးယပ်ရောဂါ၊ မျက်စိနှင့် နား၊ နှာခေါင်းရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါ အစရှိသည့် ရောဂါများခံစားနေရသည့် ဒေသခံပြည်သူလူထုကို ပြုစု စောင့်ရှောက်မှုပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသည် မိမိတို့တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ အရေးနှင့်ပတ်သက်ပါက အစဉ်အမြဲဦးထိပ်ထား ဆောင်ရွက်ပေးလျက်ရှိသည်ကို ဖော်ပြလျက်ရှိသည့် အချက်များပင်ဖြစ်ကြောင်း။


ယခုအချိန်သည် နိုင်ငံတကာနှင့် နိုင်ငံအတွင်း၌ပါ ကပ်ရောဂါ ဘေးဒဏ်များနှင့် ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ လျော့နည်းကျဆင်းမှုများ ကြုံတွေ့ နေရသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံများအနေဖြင့် လူဦးရေ ၁၀၀၀ တွင် အနည်းဆုံး ဆရာဝန် ၁ ဦးနှင့် ကျန်းမာရေးလုပ်သား အနည်းဆုံး ၂.၃ ဦး ရှိသင့်ကြောင်း သတ်မှတ်ထားရာ မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အချိန်တွင် လူဦးရေ ၁၀၀၀ ၌ ဆရာဝန် ဝ.၃၇ ဦး၊  ကျန်းမာရေးလုပ်သား ၁.၄၇ ဦး ရှိသည်ကို တွေ့ရှိရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်ထက် လျော့နည်းနေသည်ကို လည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သော နိုင်ငံရေး ပဋိပက္ခတွင် ကျန်းမာရေးဝန်ထမ်းအချို့သည် လုပ်ငန်းခွင် စွန့်ခွာမှုများ ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံ အတွင်း၌ရှိသည့် ကျန်းမာရေးဝန်ထမ်းအင်အားမှာ များစွာလျော့နည်းခဲ့ရပါကြောင်း၊ ထိုကဲ့သို့လျော့နည်းခဲ့သည့်အတွက် လစ်ဟာသွားသည့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကို ဖြည့်ဆည်းနိုင်ရန် တပ်မတော်ဆေးရုံ၊ ဆေးပေးခန်းများတွင် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ယခုအချိန်ထိ ပြင်ပလူနာ ၄၄၉,၈၉၂ ဦး၊ ဆေးရုံတက်လူနာ ၁၃၇,၀၈၀ ဦးကို ပြုစုစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။


မိမိတို့တပ်မတော်သည် ခေတ်အဆက်ဆက်တွင်လည်း နိုင်ငံ့အရေး၊ တိုင်းရင်းသား ပြည်သူများအရေးတို့နှင့် ပတ်သက်ပါက အစဉ်အမြဲဆောင်ရွက်ခဲ့သည့် အဖွဲ့ အစည်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့်နေရာတွင် တပ်မတော်၏ မူလတာဝန် များဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုဆောင်ရွက်သည့်နည်းတူ ပြည်သူ လူထုကျန်းမာရေးနှင့် ပညာရေးများကိုလည်း တစ်ဖက်တစ်လမ်းက ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုကဲ့သို့ ဝေးလံခေါင်ဖျားသည့်ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှုတာဝန်များ ထမ်းဆောင်နိုင်ခဲ့သည့်အတွက်လည်း ချီးကျူး ဂုဏ်ပြု ကြောင်းကိုပြောကြားလိုကြောင်း၊ နောင်လာမည့် အနာဂတ်တွင်လည်း ဆရာဝန် တစ်ဦးအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာတိုးတက်ရေးကို ဆောင်ရွက်ရမည့်နည်းတူ တိုင်းပြည်အကျိုး၊ ပြည်သူအကျိုးကိုလည်း ဦးထိပ်ထား ဆက်လက်ဆောင်ရွက်သွား ကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်ဥက္ကဋ္ဌ၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများရှိ ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားဆရာဝန်များ တက်ရောက်ကြသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)