(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကြက်ဖခွတ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် ခါးလှည့်ကွင်းပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကြက်ဖခွတ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် ခါးလှည့်ကွင်းပြိုင်ပွဲများကျင်းပ




MNP  -  ဇန်နဝါရီ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကြက်ဖခွတ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် ခါးလှည့်ကွင်းပြိုင်ပွဲများကို ယမန်နေ့ညနေတွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်က ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရာကဗျာဆရာသက်ဦးခင်ရေးသားသည့် လွတ်လပ်ရေးနေ့ကဗျာနှင့်ကိုယ်ကာယကျန်းမာကြံခိုင်စေရန် မြန်မာရိုးရာကြက်ဖခွတ်ပြိုင်ပွဲ၊ အားလူးကောက်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများကပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအလိုက်ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။


ချစ်သက်လယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)