အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြိုမ၏ ၂၀၂၂-၂၀၂၃ ခုပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြိုမ၏ ၂၀၂၂-၂၀၂၃ ခုပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ


MNP -  ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)မြို့မ၏ ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ‌‌စဝ်ကောလီခန်းမ(ပန်းခြံ)၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးတင်မင်းလတ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မိဘဆရာအသင်း ကျောင်းအကျိုးတော်ဆောင် နာယက ဦးစိုင်းစံမောင်က ကျောင်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ပါဝင်ကူညီပံ့ပိုးပေးသော စေတနာရှင်၊ အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။


ဆက်လက်၍ ၂၀၂၂-၂၀၂၃ခုပညာသင်နှစ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျောင်းအတွင်း ထူးချွန်ဆုရကျောင်းသား/သူများ၊ အားကစားဆုရကျောင်းသား/သူမျာအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပခဲ့ရာ  ကျောင်းသား/သူလေးများမှ ပညာရေးစုံညီပွဲတော်သို့ လာရောက် ကြည့်ရှုအားပေးသူများအား အကပဒေသာများဖြင့် ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။


နော်မှိုင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)