သင်ကြားသင်ယူရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်ကြားသင်ယူရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလို



MNP  -  ဇန်နဝါရီ ၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားတက္ကသိုလ်ရှိ တက္ကသိုလ်ဗဟိုသုတေသနဌာနသို့ သွားရောက်၍ သုတေသနဓာတ်ခွဲခန်းများ၊ လက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေးသည်။


သုတေသနဖွံ့ဖြိုးတိုးတက်ရေး


ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက သုတေသနလက်တွေ့ခန်းသုံးပစ္စည်းများကို အကျိုးရှိထိရောက်အောင် စနစ်တကျ အသုံးပြုကြ စေလိုပါကြောင်း၊ တန်ဖိုးရှိရှိ အသုံးချမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ပါက ပြန်လည်ဖြည့်ဆည်းပေး မည်ဖြစ်ပါကြောင်း၊ သုတေသနဖွံ့ဖြိုးတိုးတက်ရေးသည် တက္ကသိုလ်၏အသက်သွေးကြောဖြစ်၍ မိမိတို့ဒေသဖွံ့ဖြိုးရေးနှင့်သက်ဆိုင်သည့် သုတေသနလုပ်ငန်းများ အောင်မြင်ရေးအတွက် အသုံးချဆောင်ရွက်ကြရန် အားပေးပါကြောင်း၊ မြစ်ကြီးနားတက္ကသိုလ်ဗဟိုသုတေသနဌာန မွမ်းမံထိန်းသိမ်းရေးနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် အဆိုပါဌာနအတွင်း၌ မြစ်ကြီးနားတက္ကသိုလ် မဟာတန်းကျောင်းသား ကျောင်းသူများ ကိုတွေ့ဆုံ၍ ပညာထူးချွန်အောင် ကြိုးစားကြရန်၊ သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက် ကြရန်နှင့်သုတေသနရလဒ်များကို အသုံးချလုပ်ငန်းများ ဆောင်ရွက်နိုင်သည်အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားသည်။


လေ့ကျင့်ပျိုးထောင်


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ဆရာဆရာမများအနေဖြင့် မြစ်ကြီးနား တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်စဉ်ကာလ အတွင်း သင်ကြားသင်ယူရေးနှင့် သုတေသနလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း၊ မျိုးဆက်သစ် တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို နိုင်ငံတော်က အားထားရသည့် လူတော်လူကောင်း ပညာတတ်များဖြစ်အောင် စေတနာထား၍ လေ့ကျင့်ပျိုးထောင် ပေးကြစေလိုပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် တက္ကသိုလ် ဆရာဆရာမလိုအပ်ချက်များဖြည့်ဆည်း ပေးနိုင်ရေးတို့အတွက် ကြိုးစားသင်ကြားပေးစေလိုပါကြောင်း၊ မြစ်ကြီးနားတက္ကသိုလ်တွင် ပါရဂူဘွဲ့ သင်တန်းဖွင့်လှစ်မည့် ဘာသာရပ်သုံးခုအတွက် ဆရာဆရာမ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ သုတေသနသုံး၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံအောင် ဖြည့်ဆည်းနိုင်ရေးအတွက် ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ဆရာ ဆရာမများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများကို တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ဆရာ ဆရာမများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)