သပိတ်ကျင်းမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးအဖွဲ့များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူမှုများစတင်ကောက်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်ကျင်းမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးအဖွဲ့များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူမှုများစတင်ကောက်ယူ




MNP  -    ဇန်နဝါရီ    ၉

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအား ယနေ့နံနက် ၉  နာရီမှစတင်၍  ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများ စတင် စာရင်းကောက်ယူခဲ့ကြကြောင်းသိရသည်။


သပိတ်ကျင်းမြို့နယ်ရှိ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့(Working Group)များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းနှင့် မှတ်ပုံတင် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို သပိတ်ကျင်းမြိုနယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ပြီး စာရင်းကောက်ယူခြင်းများကို မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ခဲ့ကြသည်။ 


အဆိုပါမြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီ(၉) ရက်နေ့မှ(၃၁)ရက်​နေ့အထိ မြို့နယ်အတွင်းရှိကောက်ကွက်(၈၀)အား အဖွဲ့(၈၀)ဖြင့်စာရင်း ကောက်ယူသွားမည်ဖြစ်ပြီး ကောက်ကွက်တစ်ဖွဲ့လျှင်အဖွဲ့ဝင်(၅)ဦးဖြင့် ကောက်ကွက် တစ်ကွက်လျှင် အိမ်ထောင်စု(၅၀၀)စုနှုန်းဖြင့် မှန်ကန်မြန်ဆန်စွာ သတ်မှတ်ရက်အတွင်း ပြီးစီး​အောင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှု​ကော်မတီဥက္ကဋ္ဌထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)