ပျဉ်းမနား ဘိုးဘွားရိပ်သာ၏ အကြိမ်(၃၀)မြောက် နှစ်ပတ်လည် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနား ဘိုးဘွားရိပ်သာ၏ အကြိမ်(၃၀)မြောက် နှစ်ပတ်လည် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပ




MNP  -  ဇန်နဝါရီ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နေပြည်တော်ကောင်စီမှ ဦးဆောင်ကျင်းပသော ပျဉ်းမနား ဘိုးဘွားရိပ်သာ၏ အကြိမ်(၃၀)မြောက် နှစ်ပတ်လည် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါဘိုးဘွားရိပ်သာ၌ကျင်းပရာ နေပြည်တောင်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများ တက်ရောက်ကြသည်။


နေပြည်တော်ကောင်စီမှ ဦးဆောင်ကျင်းပသော ပျဉ်းမနားဘိုးဘွားရိပ်သာ၏ အကြိမ်(၃၀)မြောက် နှစ်ပတ်လည် ဆွမ်းဆန်တော်လောင်းလှူပွဲကို ပျဉ်းမနားမြို့ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား နှစ်စဉ်နှစ်တိုင်း လှူဒါန်းမှု ကောင်းမှုကုသိုလ်များပွားများခြင်းဖြင့် စိတ်ပျော်ရွှင်ကြည်နှူးစေပြီး သဒ္ဓါတရား ကုသိုလ်ဒါနများ ပွားများနိုင်စေရန် ရည်ရွယ်၍ သံဃာတော်(၁၀၈)ပါးနှင့် သီလရှင်(၄၅)ပါးတို့အား ဆွမ်းဆန်တော်နှင့် အထွေထွေ အသုံးအဆောင်များ လှူဒါန်းခဲ့ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက  ပျဉ်းမနား ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား အထွေထွေ အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။


"ပျဉ်းမနားမြို့ ဘိုးဘွားရိပ်သာကို ၁၉၉၀-၁၉၉၁ ခုနှစ်မှစ၍ နှစ်စဉ် ဇန်နဝါရီလ(၁)ရက်နေ့တိုင်း သံဃာတော်(၁၀၈)ပါးနှင့် သီလရှင်(၄၅)ပါးတို့အား ဆွမ်းဆန်တော်နှင့် အထွေထွေအသုံးအဆောင်များ လှူဒါန်းပွဲအား စေတနာရှင်၊ အလှူရှင်များက ငွေပဒေသာပင်များစိုက်ထူပြီး နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ (၂၀၀၉)ခုနှစ်မှစ၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာများလည်းလိုက်ပါ၍ လှူဖွယ်ပစ္စည်းများ ငွေကြေးများကို လှူဒါန်းပြီး ထာဝရငွေပဒေသာပင်ကို နှစ်စဉ်စိုက်ထူပေးခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် နေပြည်တော်ကောင်စီမှကြီးမှူး၍ ဌာနဆိုင်ရာများ၏ လှူဒါန်းမှု၊ ပြည်သူပြည်သားများ၏ လှူဒါန်းမှုတို့ဖြင့် ဆက်လက်ကျင်းပခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်အတွင်း (၂)နှစ်ခန့်  ရပ်နားထားခဲ့ပြီး ယခုနှစ်မှစ၍ ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ကြောင်း" နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်ထံမှ သိရသည်။


မျိုးသီဟ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)