MNP - ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူသည် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် အုပ်သျှစ်ကွင်းအုပ်စု၊ အုပ်ရှစ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှုး ရုံးတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာ၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြှင့်မားရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ က နိုင်ငံတော်မှ နှင့်ပဲတီစိမ်းစိုက်တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေဖြင့် သွင်းအားစု ထောက်ပံ့ပေးမှု အခြေအနေများ၊ နွေစပါးနှင့် ဆောင်းသီးနှံများကိုလျာထား ချက်များနှင့်အညီ အပြည့်အဝ စိုက်ပျိုးနိုင်မှု အခြေအနေများ၊ ကျေးရွာသန့်ရှင်းသာယာ လှပစေရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် လိုအပ်သည်များကိုဖြည့်စွက်မှာပြောကြား ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသန်းဦးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ သန့်ရှင်းသာယာလှပရေးနှင့်လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ သက်ငယ်မုဒိန်းနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများကိုပြောကြားပြီး မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြှင့်မားရေးအဖွဲ့ အတွင်းရေးမှုး ဦးထွန်းမျိုးသန့်က စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများသည် တောင်သူဦးကျော်လွင်၏ မတ်ပဲ စိုက်ခင်းများအား ကြည့်ရှုပြီး အရည်အသွေးကောင်းမွန်သော ပဲတီစိမ်းမျိုးစေ့များ ရရှိစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် စနစ်တကျပြုစုပျိုးထောင်ပေးရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
အောင်သူ
https://t.me/MyanmarNationalPost
No comments:
Post a Comment