ရှေးဟောင်းသမိုင်းဝင် ကျိုက်ထီးဆောင်းဆံတော်ရှင် သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေးဟောင်းသမိုင်းဝင် ကျိုက်ထီးဆောင်းဆံတော်ရှင် သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲကျင်းပ





MNP  -  ဇန်နဝါရီ ၈

   မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်စံပြကျေးရွာရှိ ကျိုက်ထီးဆောင်း ဆံတော်ရှင် ဂဝံယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါပြတိုက်ရှေ့၌ ကျင်းပပြုလုပ်သည်။


 ရှေးဦးစွာ ဆရာတော်၊သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် နိုင်ငံတော် သံဃာ့မဟာနာယက မရမ်းချိုဆရာတော်ထံမှ (၉)ပါးသီလခံယူကြပြီး နိုင်ငံ​တော်ပရိယတ္တိသာသနာ့တက္ကသိုလ် ပါ​မောက္ခချုပ်ဆရာတော် ဘဒ္ဒန္တကုမာရ အရှင်သူမြတ်က သုဝဏ္ဏဘူမိသမိုင်းကြောင်း အကျဉ်းချုပ်အားမိန့်ကြား​တော်မူသည်။ 


   ယင်းနောက် ကျိုက်ထီးဆောင်းဒုတိယဒီပဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ​ဇောတိကဓဇ ကမ္ဘာ့ငြိမ်ချမ်း​ရေးဂုဏ်ထူးဆောင်ပါရဂူ ဒေါက်တာဘဒ္ဒန္တ နာဂဒီပ အရှင်သူမြတ် က ကျိုက်ထီးဆောင်း ဆံတော်ရှင်သုဝဏ္ဏဘူမိ ဂဝံ ယဉ်ကျေးမှုပြတိုက် တည်ဆောက်ရခြင်း အ​ကြောင်းအရင်းနှင့်စပ်လျဉ်း၍ မိန့်ကြား​တော်မူ​ပြီး နိုင်ငံ​တော်သံဃာ့မဟာနာယက လှည်းကူးဆရာတော် အရှင်သူမြတ်မှ သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှုပြတိုက် တည်ဆောက် ဖွင့်လှစ် ခြင်း၏ အကျိုးကျေးဇူးများကို မိန့်ကြားတော်မူသည်။ 


 ဆက်လက်၍  နိုင်ငံ​တော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဒုတိယပါ​မောက္ခချုပ် ဆရာတော်အရှင်သူမြတ်က ကျိုက်ထီးဆောင်းဆံတော်ရှင် ဂဝံယဉ်ကျေးမှု ပြတိုက် ဖွင့်လှစ်နိုင်ခြင်းအပေါ် ပီတိဝမ်း​မြောက်ကြောင်း မိန့်ကြားတော်မူ ခဲ့သည်။


 ယင်းနောက်  ဂဝံယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ဆရာတော်အရှင်သူ​မြတ်များက ပြတိုက်မုဒ်ဦးကို ​ဖဲကြိုးဖြတ်ဖွင့် လှစ်ကာ အမွှေးနံ့သာရေများပက်ဖျန်းပေးခဲ့သည်။ ထို့နောက်ပြတိုက်အတွင်း သီတင်း သုံးလျှက်ရှိသောဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဗုဒ္ဓဘိသေက  အနေကဇာတင် မင်္ဂလာအခမ်းအနားပြုလုပ်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


ထူးနောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)