ကျောက်တော်မြို့၌ မူလတန်းအဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့၌ မူလတန်းအဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ




MNP  -  ဇန်နဝါရီ  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ် မြို့နယ်ပညာရေးမှူး ဒိုင်းမူလတန်းအဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က အထက(ကျောက်တော်) အခြေခံပညာအထက်တန်းကျောင်းရှေ့ အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မူလတန်းအဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကွင်းဖွင့်ပွဲ အခမ်းအနားတွင် ပြိုင်ပွဲဝင် အားကစားသမားများမှ ကွင်းအတွင်း ဝင်ရောက်နေရာယူကြပြီး အားကစား အသင်းများမှ မြို့နယ်ပညာရေးမှူးအား ချီတက်အလေးပြုခြင်း၊ အားကစားသမားများမှ အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးသိန်းမြိုင်က အဖွင့်အမှာစကား ပြောကြားရာ၌ ကျန်းမာကြံ့ခိုင်ပြီး ပညာရည် ပြည့်ဝသော နိုင်ငံသားကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ကျောင်းသား/ကျောင်းသူများကို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းကြောင်း၊ အားကစားကြောင့် ဇွဲရှိမှု၊ သည်းခံနိုင်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ စည်းကမ်းဥပဒေကို လိုက်နာတတ်မှု၊ တဘက်သား အပေါ် တရားသော ယှဉ်ပြိုင်ခြင့်ဖြင့် အနိုင်ယူမှုစသည့် အစဉ်အလာကောင်းများ ရရှိစေရန်နှင့် မြို့နယ်အားကစားပြိုင်ပွဲများမှတစ်ဆင့် ခရိုင်၊ ပြည်နယ်နှင့် နိုင်ငံအဆင့်မှီ အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် ဘောလုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ အထက(ခွဲ)ရှမ်းရွာအသင်းနှင့် အထက အုန်းပတီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အုန်းပတီးအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ထက်၊ လယ်၊ မူ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး၊ ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများနှင့် အားကစား မောင်/မယ်များ တက်ရောက်အားပေးကြည့်ရှုခဲ့ကြပြီး  ဘောလုံးအသင်း (၁၄)သင်းတို့မှ ပါင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။


ခင်မောင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)