ဆင်ပေါင်ဝဲမြို့နယ်တွင် မုံလာဥဖြူ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူများ နေ့စဥ်ဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်တွင် မုံလာဥဖြူ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူများ နေ့စဥ်ဝင်ငွေရရှိ


MNP  -   ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မုံလာဥဖြူ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူများ နေ့စဥ် ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူ ဒေါ်သန်းသန်းစိုးထံက သိရသည်။


စိုက်ပျိုးရောင်းချရာတွင် မိမိတို့၏ ယာမြေများတွင် မြေအောက်ရေပေးသွင်းခြင်းဖြင့် ပန်းအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုးကို စိုက်ပျိုးကြကြောင်း၊ ယာမြေထဲမှ စိုက်ပျိုးထား သည့် သီးနှံများကတော့ဆလပ်ရွက်၊ ကြက်သွန်နီ၊နံနံပင်နဲ့မုံလာဥဖြူများကို စိုက်ပျိုးထားပါတယ်၊ မုံလာဥအဖြူအစေ့ကို ကျင်းဖွဲ့၍ သီးသန့်အနေနဲ့ စိုက်ပျိုးနိုင်သလို ကြက်သွန်နီ ဘောင်များပေါ်တွင်လည်းကောင်း၊ ဆလပ်ရွက်ဘောင်များပေါ်တွင်လည်းကောင်း စိုက်ပျိုးနိုင်ပါတယ်၊ စိုက်ပျိုးထားတဲ့ မုံလာဥဖြူများကို (၄၅) ရက်သားဆိုရင် စျေးကွက်သို့ တင်ပို့ရောင်းချလို့ရပါပြီ၊ မိမိအခင်းထဲမှ မနက်ရောင်းချမည့် မုံလာဥဖြူနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို ညနေပိုင်းတွင် ခူးယူပြီး ဆင်ပေါင်ဝဲမြို့မစျေးတွင် ရောင်းချပါတယ်၊ မိသားစုဟင်းစားအနေနဲ့ မိမိခြံထဲမှထွက်ရှိတဲ့ အသီးအနှံများကို ချက်ပြုတ်စားသောက်နိုင်သလို အပိုဝင်ငွေ လည်းရရှိတာပေါ့ဟု မုံလာဥဖြူ စိုက်ပျိုးရောင်းချသည့် ဒေါ်သန်းသန်းစိုးက ပြောသည်။


ခန့်ဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)