လားရှိုးမြို့ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းများ၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီ ပွဲတော် ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းများ၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီ ပွဲတော် ပြုလုပ်

 


MNP ၊ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်း ကျောင်းနှင့် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းများ၌ (၂၀၂၁-၂၀၂၂)ပညာ သင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် (၂၀၂၂-၂၀၂၃)ပညာသင်နှစ် ပညာရေးစုံညီပွဲတော် တို့ကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ အရှေ့မြောက်တိုင် းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “မြတ်ဆရာ” သီချင်းနှင့် “စုံညီပွဲတော် ဒို့နွှဲပျော်” သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် တိုင်းမှူးက အမှာစကား ပြောကြားပြီး ပညာရေးစုံညီပွဲတော်အား ကျောင်းအသီးသီး၌ ဖွင့်လှစ်ပေးသည်။


၎င်းနောက် အဆိုပါအခြေခံပညာကျောင်းများ၌ (၂၀၂၁-၂၀၂၂)ပညာသင်နှစ် အတွက် ပညာရည်ချွန်ဆုပေးပွဲနှင့် (၂၀၂၂-၂၀၂၃)ပညာသင်နှစ် ပညာရေးစုံညီပွဲတော် တို့၌ ပညာရည်ချွန်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ၊ ဘင်ခရာ၊ အေရိုးဗစ်၊ ပန်းချီ၊ စာစီစာကုံးနှင့် အားကစားပြိုင်ပွဲ များတွင် ဆုရရှိကြသူများ၊ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့် ကြသည်။


ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ၏ တေးသံသာ အကအလှများဖြင့် ဖျော်ဖြေမှုကို တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ အဆိုပါကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)