အ.ထ.က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများအား တတိယအကြိမ် ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ.ထ.က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများအား တတိယအကြိမ် ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးလျက်ရှိ




MNP  -  ဇန်နဝါရီ ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက်(၅) နှစ်နှင့်အထက်  ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေရန်နှင့် စိတ်‌‌အေးချမ်းသာစွာ ပညာသင်ကြားနိုင်‌စေရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ထိုးနှံပေးခဲ့သည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် အ.ထ.က(ခွဲ) အထက်ပိုင်ကျုံကျောင်းတွင် ကာကွယ်ဆေးအကြိမ်ပြည့် လာရောက်ထိုးနှံပြီး သတ်မှတ်ကာလ ၆ လရှိပြီးသူ အသက် ၅ နှစ်နှင့် အထက်ကျောင်းသားကျောင်းသူများအား တတိယအကြိမ် ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းထိုးနှံပေးခဲ့သည်။


‌အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား/သူများအား ‌ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ ဆရာ/ဆရာများနှင့် အုပ်ချုပ်ရေးမှူးများတို့မှ ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား ကျောင်းသူများအား အဆင်ပြေလွယ်ကူစွာ ဆေးထိုးနှံနိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာ‌ပေးခြင်း၊ သွေးတွင်းအောက်ဆီ ဂျင်ပါဝင်မှု ပမာဏတိုင်းတာ‌ပေးခြင်း လုပ်ငန်းများအား  ဝိုင်းဝန်းကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။


နော်ခူး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)