ဖျာပုံမြို့နယ်တွင် ဆိုလာ​ရေတင်စနစ်​ဖြင့် နေကြာစိုက်ပျိုးထားမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ကွင်းဆင်းကြည့်ရှု အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ်တွင် ဆိုလာ​ရေတင်စနစ်​ဖြင့် နေကြာစိုက်ပျိုးထားမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ကွင်းဆင်းကြည့်ရှု အားပေး




MNP  -   ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များသည် ၂၀၂၂-၂၀၂၃ခုနှစ် စီမံကိန်းဆီထွက်သီးနှံ နေကြာစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆိုလာရေတင်စနစ်ဖြင့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးထားရှိသည့် ဇင်းဘောင်ကျေးရွာအုပ်စု၊ ငုတောကျေးရွာနှင့် အောက္ကဘာကျေးရွာအုပ်စု၊ ကံဆိပ်ကျေးရွာများသို့ ယမန်နေ့နံနက်ပိုင်း အချိန်က ကွင်းဆင်း သွားရောက်၍ စိုက်ပျိုးထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းကြည့်ရှု အားပေးရာတွင် ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာအုပ်စု၊ ငုတောကျေးရွာ ကွင်းအမှတ် (၄၀၇.A) တောင်သူဦးမောင်မောင်စိုး၏ ဦးပိုင်အမှတ် (၁.၃၉)(၁၀) ဧက၊ ကွင်းအမှတ်(၄၀၇.A) ဦးပိုင်အမှတ်(၁.၃၈) တောင်သူ ဦးမောင်မောင်သိန်း၏ (၁၀) ဧက၊ ကွင်းအမှတ် (၅၄၁.A) ဦးပိုင်အမှတ် (၁က.၆) တောင်သူ ဒေါ်မော်မော်ဝင်း၏ (၅)ဧကတွင် ဆိုလာရေတင်စနစ်ဖြင့် နေကြာစိုက်ပျိုးထားရှိမှုတို့အား လည်းကောင်း၊ အောက္ကဘာကျေးရွာအုပ်စု၊ ကံဆိပ်ကျေးရွာ၊ ကွင်းအမှတ် (၅၅၄.A) တောင်သူဦးအေးကို၏ ဦးပိုင်အမှတ် (၁၀.၁)(၄)ဧကတွင် ဆိုလာရေတင်စနစ်ဖြင့် နေကြာ စိုက်ပျိုးထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။


မာမာလွင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)