MNP - ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ် စစ်တွေမြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတိုက်တွင် ယမန်နေ့ နေ့လယ်ပိုင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပရာ၊ စစ်တွေခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ အမှတ် ၃၇ မူးယစ်တပ်ဖွဲ့စု(စစ်တွေ) တပ်ဖွဲ့စု ရဲမှူးခင်မောင်လွင်၊ ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲ(၅)မှ ဒုခွဲမှူးရဲမှူးသက်နိုင်ဦး၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ (၁၂၀)ဦးခန့် တက်ရောက်သည်။
ရှေးဦးစွာ တာဝန်ရှိသူများက အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး၊ အမှတ်(၄၇)မူးယစ်တပ်ဖွဲ့စု (စစ်တွေ) တပ်ဖွဲ့စုမှူးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်နှင့်ပတ်သက်ပြီး၊ မူးယစ်ဆေးအမျိုးမျိုးနှင့် မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာများ၊ မူးယစ်ဆေးဝါဆိုင်ရာ ဥပဒေများအကြောင်း၊ ပြစ်မှူပြစ်ဒဏ်များကို အသိပညာပေးဟောပြောသည်။
ဆက်လက်ပြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲ(၅) ဒုခွဲမှူးက ယာဉ်စည်းကမ်းလမ်းစည်းကမ်းများနှင့်ပတ်သက်၍ ယာဉ်မောင်းသူများလိုက်နာရမည့်စည်းကမ်း၊ အန္တရာယ်ဖြစ်လျှင်လိုက်နာရမည့်စည်းကမ်း၊ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေများကို အသိပညာပေးဆွေးနွေးသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ သုတေသနပြုချက်အရ ကမ္ဘာပေါ်တွင် ယာဉ်လမ်းအန္တရာယ်ကြောင့် (၁)နှစ်လျှင် လူဦးရေ (၁၅)သိန်း သေဆုံးပြီး၊ သန်း (၅၀)ခန့် ဒဏ်ရာရရှိကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေ(၅၀၀၀)ခန့် သေဆုံးမှုဖြစ်ပွားကာ၊ (၅၀၀၀၀) နီးပါးဒဏ်ရာရရှိကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment