စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ







MNP  -  ဇန်နဝါရီ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ ရတနာခန်းမဆောင်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပထမနှစ်ကျောင်းသူလေးများက "ထွန်းကားခလီ ဝေသာလိ" အကဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီးနောက်  စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)ကျောင်းအုပ်ဆရာကြီး ဦးခင်အောင်သန်းမှ အဖွင့်အမှာစကားပြောကြားရာ၌ စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ကျောင်းစတင်ဖြစ်ပေါ်လာပုံ အကျဉ်းအားရှင်းလင်းပြောကြားပြီးနောက် ရခိုင်ပြည်နယ်အတွက် အနာဂတ်၏စိုက်ပျိုးရေးလုပ်ငန်းများတွင် ဘက်စုံထောင့်စုံကနေပါဝင်ထမ်းဆောင်ကြမဲ့ လူတော်လူကောင်းများဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးသိပ္ပံတွင် ပညာသင်ယူနေကြသော မောင် မယ်များအနေဖြင့် ကျောင်းသင်ခန်းစာများအားပြီးမြောက်အောင်သင်ယူပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြင့်တင်နိုင်ရေးတို့အတွက် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနည်းပညာရပ်များဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း   ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်များအနေဖြင့် သင်ခန်းစာများ သင်ယူရာတွင် စိတ်ပါဝင်စားစွာလေ့လာသင်ယူကြရန်နှင့် စိုက်ပျိုးရေးပညာရှင်များဖြစ်လာအောင် ကြိုးစားလေ့လာသင်ယူကြရန် လိုအပ်ကြောင်းရှင်းလင်းမှာကြားခဲ့သည်။


ထို့နောက် ဒုတိယနှစ် အကြီးတန်းကျောင်းသား မောင်ကောင်းစိုးမြတ်ပမှ ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်မှ ပထမနှစ် ကျောင်းသား/ ကျောင်းသူများအား ကြိုဆိုစကားပြောကြားခဲ့ကာ ပထမနှစ်ကျောင်းသား မောင်စိုးဝင်းချေမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


ထို့နောက် ပညာရည်ချွန်ဆုပေးပွဲအား ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)မှ ၂၀၁၉-၂၀၂၀  ပညာသင်နှစ်တွင်ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများနှင့်၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)တို့ ပူးပေါင်းကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအားလည်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။ အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)မှ ကျောင်းအုပ်ဆရာကြီး၊ ဒုတိယကျောင်အုပ်ဆရာကြီးနှင့်ဆရာမကြီးများ၊ စိုက်ပျိုးရေးသိပ္ပံမှ ဆရာ/ ဆရာမများ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး ဒုတိယနှစ်ကျောင်းသူကလေးများက လေးဝတီအကဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။


ခင်မောင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)