MNP - ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောဆွေးနွေးပွဲတွင် ရှေးဦးစွာ ပါမောက္ခချုပ်ဒေါက်တာဘဟန်က အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။ အသိပညာပေး ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းရာ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပြန်လည်ဆွေးနွေးဖြေကြားသည်။ အဆိုပါ အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာ နေအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နှင်းအိနှင့် ဆရာဆရာမများ ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ကြသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ စားသုံးများအနေနဲ့ ကိုယ့်အခွင့်အရေးတွေ ဘယ်လိုရှိတယ်၊ စားသုံးသူကာကွယ်ပေးရေးဥပဒေ ဘယ်လောက်အထိ ကျယ်ပြန့်လဲ သိစေချင်တာရယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုမျိုး ဆောင်ရန်ရှောင်ရန် ရှိတယ်ဆိုတာ သိစေချင်တာကြောင့် အခုလို အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်တာပါဟု ခရိုင်ဦးစီးမှူးဦးဇော်မင်းက ပြောသည်။ အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေး လက်ကမ်းစာစောင်များကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချမ်းသာ
https://t.me/MyanmarNationalPost
No comments:
Post a Comment